Pages

Subscribe:

Ads 468x60px

ကျွန်ုပ်၏ မိဘနှစ်ပါး၊ ဆရာသမားများအားလုံး၊ ဆွေမျိုး ညာတိကာ မိတ်ဆွေများအားလုံး၊ တရားကျင့်ဖေါ်များ အားလုံး...ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊

Monday, 10 June 2013

နိဗ္ဗာန်တံခါး ဖွင့်လှစ်ထားသည်



မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် သမ္မာသမာဓိကို လုံးဝပြည့်စုံစေရန် 
သမ္မာသမာဓိ ၏ အခြံရံ ( ၇ ) ပါးကိုဟောကြားခဲ့လေ၏

ကတမေ သတ္တ?သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာ
အာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ ။
************ ***********************
မှန်စွာ သိမြင်ခြင်းရှိသောသူအား မှန်စွာ ကြံခြင်းသည် ဖြစ်၏ ၊
မှန်စွာ ကြံခြင်းရှိသောသူအား မှန်စွာပြောဆိုခြင်းသည် ဖြစ်၏ ၊
 မှန်စွာ ပြောဆိုသောသူအား မှန်စွာ ပြုလုပ်ခြင်းသည် ဖြစ်၏ ၊
 မှန်စွာ ပြုလုပ်ခြင်းရှိသောသူအား မှန်စွာ အသက်မွေးခြင်းသည် ဖြစ်၏ ၊
မှန်စွာ အသက်မွေးခြင်းရှိသောသူအား မှန်စွာ အားထုတ်ခြင်းသည် ဖြစ်၏ ၊
မှန်စွာ အားထုတ်ခြင်းရှိသောသူအား မှန်စွာ အောက်မေ့ခြင်းသည် ဖြစ်၏ ၊
မှန်စွာ အောက်မေ့ခြင်းရှိသောသူအား မှန်စွာ သိခြင်းသည် ဖြစ်၏ ၊
မှန်စွာ သိခြင်းရှိသောသူအား မှန်စွာ လွတ်မြောက်ခြင်းသည် ဖြစ်၏  

အခါမလင့် အကျိုးကိုပေးတတ်သော ဤတရားတို့သည် ကိုယ်တိုင် သိမြင်နိုင် ခံစားနိုင်ရန်အတွက်
ဖွင့်လှစ်ထားသော နိဗ္ဗာန်တံခါးကြီးဖြစ်လေ၏ .....ထို့ကြောင့် အခါမလင့်ခင် လာလင့်ကျင့်ကြံပြီး မဂ္ဂင်ဖေါင်ကြီး ပျော်ပျော်စီးပြီး နိဗ္ဗာန်ခရီးဆက်ကြပါစို့……….။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...