ဘုရားရှင်ကိုယ်တော်မြတ်သည်
နောက်ပါအခြံရံ ရဟန်းများနှင့်တကွ နန်းတော်သို့ဆွမ်းစားကြွလာ
သောအခါ နန်းသူနန်းသားများအားလုံး
လာရောက်၍ဖူးမျော်ကြည်ညိုကြ၏ ထိုအထဲတွင် ယသော်ဓရာမင်းသမီး
မပါဝင်ချေ
။
ဘုရားရှင်ကိုယ်တော်မြတ်
နန်းတော်ထက်သို့ရောက်သည်နှင့် ယသော်ဓရာမင်းအား အဆောင်မှထွက်၍ ပူဇော်ရန် တိုက်တွန်းကြလေ၏
သို့သော်လည်း ယသော်ဓရာမင်းသမီးသည် ငါ အတွက် သူ့အားသွားတွေ့ဖို့ရာမှန်ပါမည်လား၊ငါအားလိုအပ်တော့မည်မဟုတ်ပါ စောင့်ပြီးကြည့်နေတာပိုကောင်းမည်
သူဒီးအဆောင်သို့ကြွလာမှသာလျှင်
ထိုက်တန်းသော ရိုသေးမှုကိုပေး၍ ဂါရဝပြုတော့မည်ဟု ယုံကြည်စွာနဲ့ဆုံးဖြတ်ခဲ့ပြီး သူ့အဆောင်ထဲ့၌သာနေလေ၏
။
သို့သော်လည်း
သူမ၏စိတ်သည် နန်းသူနန်းသားများနှင့်အတူ ဘုရားရှင်၏ရှေ့မှောက်၌ ရောက်ရှိကာ တောထွက်သွားသည့်
ညမှစ၍ လွမ်းရတဲ့ရက်ပေါင်း ဆွေးရတဲ့လပေါင်းတွေ ဖြစ်ခဲ့သမျှအရားအားလုံးကို ဖွင့်
ဟလျှောက်ထားပြီး
အားရပါးရ ကန်တော့၍နေမိ၏ ။
ဘုရားရှင်ကိုယ်တော်မြတ်သည်
ခမည်းတော်မင်းကြီးအား သပိတ်ပေးအပ်ပြီး အရှင်သာရိပုတ္တရာ နှင့်
အရှင်မောဂ္ဂလာန်
လက်ဝဲလက်ရာခြံရံလျှက် ယသော်ဓရာရှိရာ ခန်းမဆောင်သို့ကြွတော်မူခဲ့၏ ဘုရားရှင်ကိုယ်တော်မြတ်၏
စိတ်သန္တာန်၌ ယသော်ဓရာနှင့်ပတ်သက်၍ စိတ်ထိခိုက်စရာ ကြေကွဲစရာ ဝမ်းနည်း
စရာ ခံးစားမှုတစ်ခုမှမရှိတော့ပါ
။
သို့သော်လည်း
မိမိအပေါ် ယခင်ကပြုခဲ့ဖူးသောမေတ္တာတရားကို မေ့ပျောက်
ခြင်းငှာ
ပြုတော်မမူချေ ယောင်္ကျားမြတ်တို့၏ စိတ်သန္တာန်၌ မေတ္တာနှင့်ယှဉ်လျှက် သနားကြင်နာတက်သော
ဂရုဏာစိတ်ရှိလေ၏
။
ထို့ကြောင့်
လင်ယောင်္ကျား အပယ်ခံမိန်းမတစ်ယောက်၏ ဝမ်းနည်းကြေကွဲခြင်း လွမ်းဆွေးတန်းတခြင်း အားငယ်တက်သောစိတ်ကို
စာနာထောက်ထားသော စေတနာဖြင့် မိမိအပေါ် ထားရှိခဲ့
သော မေတ္တာဓါက်ကို
ထိုထက် သာလွန်မြင့်မားသော မေတ္တာဓါက်ဖြင့် လက်ခံနိုင်တာ ယောင်္ကျားတို့မြတ်ဖြစ်လေသည် ။
အဲ့ဒီအတွက်
အရှင့်တို့ ယသော်ဓရာမင်းသမီး ငါဘုရားရှင်အား သူကြိုက်နှစ်သက်သလို ဂါရဝပြုပါစေ ဘယ်သူမှ
မတားမြစ်ကြကုန်လင့်ဟု မိန့်တော်မူလေပြီး ယသော်ဓရာခန်းမဆောင်သို့ဝင်တော်မူခဲ့၏ ခန်းမတစ်
ခုလုံး တိက်ဆိတ်ငြိမ်သက်နေ၏
ယသော်ဓရာသည် မြတ်စွာဘုရားမထိုင်ခင်မှာပင် ခြေချင်းဝတ်အားဆုပ်ကိုင်ပြီး ခြေတော်တွင်သူမ၏
ဦးခေါင်းတင်လျှက် ရက်ပေါင်းများစွာ လပေါင်းများ ရင်ထဲတွင်ခံစား၍ လာခဲ့သော ဝေဒနာ
များကို လျှောက်တင်လေသည်
။
မောင်တော်ဘုရား
အ၀ါရောင်အဝတ်ကိုသာ ဝတ်ဆင်တယ်လို့ ကြားသိရသောအခါ တပြည့်တော်မလည်း ထိုအဝတ်မျိုးကိုသာ
ဝတ်ဆင်ခဲ့ပါ၏ ၊ တစ်ရက်တွင် တစ်ကြိမ်သာဆွမ်းဘုန်းပေးတယ်လို့ ကြားသိရသောအခါ တပြည့်တော်မလည်း
တစ်ရက်တွင် တစ်ကြိမ်သာ ထမင်းစားပါခဲ့၏ ၊ မြတ်သောအိပ်ရာခုတင်တို့ကို စွန့်လွတ်ခဲ့တယ်လို့
ကြားသိရသောအခါ တပြည့်တော်မလည်း စွန့်လွတ်ခဲ့ပါ၏ဟု လျှောက်တင်သည့်စကားလုံးတိုင်းမှာ
မျက်ရည်စက်များသည် ယသော်ဓရာ၏ မျက်ဝန်းအိမ်မှ ကျဆင်း၍လာလေသည် ထိုမျက်ရည်စက်များဟာ
ဖြူစင်ပြည့်ဖြိုးသည့် ဘုရားရှင်ကိုယ်တော်မြတ်၏ ခြေဖမိုးတော်ဝယ် မဆည်းနိုင်မတန့်နိုင်
ဖြိုင်းဖြိုင်းကျဆင်း၍ လာတော့သည် အားရပါးရသာ ငိုလိုက်ပါတော့ယသော်ဓရာ ……………….
အချစ်ဆိုတဲ့
အမြစ်တွေ တွယ်တာနေသမျှတော့ နှောင်ဖြစ်လေရာ ဘဝတိုင်းမှာ ဆက်၍ဆက်၍ ငိုရဦးမည်……
ရွှင်လန်းချမ်းမြေ့ပါစေ မေတ္တာရဝေနွယ်…................
1 comments:
တဆင့် ကူးယူမျှဝေခွင့်ပြုပါဘုရား။
Post a Comment