ဗာရာဏသီပြည်၌ နူးညံ့သိမ်မွေ့သော ယသသူဌေးသာသည် ရာသီဥတုအလိုက် နေထိုင်ရန် ပြသာဒ်သုံးဆောင်ရှိလေ၏ မိုးအခါတွင် မိုးလေးလပတ်လုံး အောက်တွင်မဆင်းပဲ ချောမောလှပသောမိန်းမပျိုတို့ တီးမှုတ်သံတူရိယာများဖြင့် စည်းစိမ်ခံစာလျက်နေလေ၏ ။
တနေ့သောအခါတွင်ယသသူဌေးသား စောစောအိပ်ပျော်သွားခဲ့လေ၏ စောစောနိုး၍ ဖြေဖျော်သူမိန်းမ
အပေါင်းကို ကြည့်လိုက်သောအခါ သုသာန်သင်္ချိုင်းကဲ့သို့ အိပ်ပျော်နေခြင်းကိုေ
တွ့မြင်ပြီး ငြိးငွေ့သောစိတ်ဖြစ်ပေါ်လာသောကြောင့် ရွှေခြေနင်းကိုစီးလျှက် အိမ်မှထွက်ခွါသွားလေ၏ ။
မြို့အပြင်ဘက်သားသမင်ပေါတဲ့မိဂဒါဝုန်တောသို့ ရောက်သောအခါ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် မိုးသောက်ယံအခါ၌ စောစောထ၍ စကြံင်္လျောက်နေ၏ အဝေးမှလာနေသော ယသသတိုးသားကို တွေ့မြင်လိုက်သောအခါ စင်္ကြံမှရပ်နာပြီး တစ်ခုသောနေရာ၌ ထိုင်နေတော်မူ၏ ယသသတိုးသားသည် အချင်းတို့ တဏှာအစရှိသော ကိလေသာတို့သည် နှိပ်စက်အပ် ညှဉ်းဆဲအပ်ပေစွ ဟု ဆိုလေ၏ ။
ယသ အသင့် လာပြီးထိုင်လော့ (ဆင်ရဲခြင်း ဒုက္ခသစ္စာ ဆင်ရဲခြင်း၏အကြောင့် သမုဒယသစ္စာ ဆင်ရဲချုပ်ငြိမ်းရာ နိရောဓသစ္စာ ဆင်ရဲချုပ်ငြိမ်းရာသို့ရောက်ကြောင်းလမ်းစဉ် မဂ္ဂသစ္စာ )တရားကို ပြတော်မူလိုက်သောအခါ ထိုနေရာ၌ပင် ယသသတိုးသားသည် ကိလေသာမြူအညစ်အကြေးမှ ကင်းသော သောတာပတ္တိမဂ်ဉာဏ်၌ တည်လေ၏ ။
ယသ၏မိခင် ပြသာဒ်ထက်သို့ တက်လာကြည့်သောအခါ သားကိုမတွေ၍ သူဌေးကြီး သင့်ရဲ့သားကိုမတွေ့ပါလား ဟု ပြောလိုက်သောအခါ အရပ်လေးမျက်နှာကို တမန်တော်များစေလွှတ်၍ မိမိကိုယ်တိုင် ယသ၏ရွှေခြေနင်းကျရာ အစဉ်အတိုင် လိုက်လာသောအခါ မိဂဒါဝုန်တောသို့ ရောက်၍လာ၏ ။
အဝေးမှလာနေသော ယသ၏ဖခင်ကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် မြင်၍ ယသသတိုးသားအား မမြင်တွေ့အောင် တန်ခိုးဖြင့် ဖန်ဆင်းထားလေ၏ အရှင်ဘုရား ယသသတိုးသားကိုမြင်ပါ၏လော့ သူဌေးကြီး မြင်လိုလျှင်ဤနေရာတွင် ထိုင်ချေလော့ ဤနေရာတွင် ထိုင်နေသော သင်သည် ဤနေရာတွင် ထိုင်နေသော ယသသတိုးသားအား မြင်ကောင်းမြင်လိမ့်မည် သူဌေးကြီး ။
သစ္စာလေးပါးတရားကို ပြလိုက်သောအခါ သူဌေးကြီးလည်း အညစ်အကြေးကင်းသော သောတာပတ္တိမဂ်ဉာဏ်၌ တည်လေ၏ ထိုအခါ မြတ်စွာဘုရားသည် ယသသတိုးသားအား ကွယ်ထားသော တန်ခိုးကိုရပ်တံ့လိုက်သောအခါ သူဌေးကြီးသည် ယသအားတွေပြီး ချစ်သားယသ သင်၏မိခင်သည် စိုးရိမ်ပူဆွေး ငိုကြွေး၍နေလေ၏ သင့်ရဲ့မိခင်ကို သနားပါတော့ ချစ်သားယသ ။
သင့်၏သား ယသသည် သစ္စာတရားကို သင် မြင်ခဲ့သလို သူလည်းပဲမြင်ခဲ့ပြီးဖြစ်လေ၏ ထိုကြောင့် ယသသတိုးသားအား ကာမဂုဏ်စည်းစိမ်ချမ်သားတို့သည် မထိုက်တော့ပေ သူဌေးကြီး အော်ချစ်သားယသ သင်သည် လူအဖြစ်ကို အရတော်လေစွ ဘုန်းတော်ကြီးတော်မူသော
မြတ်စွာဘုရား ယနေ့ ယသသတိုးသားနှင့်တကွ နောက်ပါရဟန်းများနှင်အတူ ကျွနိုပ်၏ဆွမ်းကို လက်ခံတော်မူပါလော့ဟု လျောက်ထားပြီး ထွက်ခွါသွားခဲ့လေ၏ ။
ဖခင်သူဌေးကြီး ဖဲခွါသွားသောအခါ ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား ကျွနိုပ်အား ရဟန်းအဖြစ်ကို ပေးသနားတော်မူပါလော့ ဟု လျောက်တင်လေ၏ မြတ်စွာဘုရားရှင်သည် ချစ်သား ရဟန်း ငါ၏ရှေ့တွင်လာလော့ ဟုခေါ်လိုက်သောအခါ အပြစ်ကိုတွေ့၍ အနှစ်ကိုရှာနေသော ယသသတိုးသားသည် အနှစ်ကိုတွေ့ပြီး မြတ်သောရဟန်းအဖြစ်သို့ရောက်ရှိသွားခဲ့လေသည် ။………………………
မေတ္တရဝေနွယ် …………………………………………….
0 comments:
Post a Comment