စိမ်းစိမ်းမြမြ
မန်းတောင်အလှနှင့်
ကျုံးတော်မဟာ
ရှုခင်းဟာ
ကြည့်မဝလို့
အလွန်သာယာ………………
တောင်တမန်အင်း
ဦပိန်ရှုခင်းလည်း
အပန်ဖြေရင်းပေါ့ဗျာ…………..
ဈေးချိုပလာဇာ
ပွဲတော်မှာ
လူစီကားလို့
ပျော်စရာ
…………………….
မြတ်မဟာ
ဘုရားကြီးဟာလည်း
ထူးခြားလို့
သပ္ပါယ်တာ
ဖူးကြဖို့လာ
…………………
ထူးခြားတဲ့
ဤဋ္ဌာနေ
ရှုမဝလို့
သာယာပေ
မန္တလာမြေ
အလည်တခေါက်
လှမ်း၍လာစမ်းပါ
……………
မန္တလာမြေ
ဤဋ္ဌာနေ
ထာဝစဉ်ပေ
သာယာလေ
ကျွန်တော်တို့
မွေးဋ္ဌာနေ
ဖိတ်ခေါ်ပါတယ်လေ
…………..
မွေးရပ်ဋ္ဌာနေ မန္တလာမြေကို လွမ်းဆွေးတမ်းတ သတိရလျှက်ဖြင့်
မေတ္တာရဝေနွယ် ... အရှင်ခေမိန္ဒ
နာဂပူတက္ကသိုလ်
0 comments:
Post a Comment