Pages

Subscribe:

Ads 468x60px

ကျွန်ုပ်၏ မိဘနှစ်ပါး၊ ဆရာသမားများအားလုံး၊ ဆွေမျိုး ညာတိကာ မိတ်ဆွေများအားလုံး၊ တရားကျင့်ဖေါ်များ အားလုံး...ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊

Thursday, 23 May 2013

အာနန္ဒာရဲ့ တိက်တခိုးမျက်ရည်

ဝေသာလီပြည် စာပါလစေတီ၌ ဘုရားရှင်ကိုယ်တော်မြတ်သည် အာနန္ဒာ ဝေသလီပြည်သည် မွေ့လျော်ဖွယ်ရှိ၏ ဥဒေနစေတီစသည်တို့လည်းမွေ့လျော်ဖွယ်ရှိ၏ တစ်စုံတစ်ယောက်သောသူသည် ပြီးစီးခြင်း၏အခြေခံ ဣဒ္ဓိပါဒ် တရားလေးပါတို့ကို ကောင်းစွာအားထုတ်ထား၏ ထိုသူသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက်လွန်၍ဖြစ်စေ နေနိုင်၏ အာနန္ဒာ၊

ငါဘုရားသည်လည်းဣဒ္ဓိပါဒ်တရားလေးပါးကိုကောင်းစွာအားထုတ်ထားပြီးဖြစ်သောကြောင့် အလိုရှိလျှင် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက်လွန်၍ဖြစ်နေနိုင်၏ ဟု သုံးကြိမ်တိုင်တိုင်မိန့် တော်မူခဲ့သော်လည်း အရှင်အာနန္ဒာသည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ပဲ မာရ်နတ်နှောက်ယှက်ခြင်းကိုခံစားနေရရှာလေသည် ၊ အာနန္ဒာ ယခုအခါ သင်သွားရန်အချိန်တန်ပြီ သင်သွားလော့ အရှင်အာနန္ဒာသည် မနီးမဝေသောသစ်ပင်ရင်း၌ ထွက်ခွါသွားလေ၏ ။

မာရ်နတ်သည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ တစ်ခုသောနေရာ၌ရပ်ပြီး ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပါလော ယခုအခါ ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီး မာရ်နတ် သင် မကြောင့်ကြလင့် ငါဘုရား၏ ပရိဗ္ဗာန်ပြုခြင်းသည် မကြာမည်ဖြစ်လိမ့်မည် ဤနေမှစ၍ နောက် သုံးလလွန်သောအခါ ပရိဗ္ဗာန်ပြုလိမ့်မည်ဟု မိန့်တော်မူလိုက်၏ ။

 မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် စာပါလစေတီ၌ အာယုသင်္ခါရကို စွန့်လွတ်တော်မူ၏ ထို အသက်ရှည်ရန်ပြုပြင်မှု အာယုသင်္ခါရကို စွန့်လွတ်လိုက်သောအခါ ကြောက်မတ်ဖွယ်ရာ မြေငလျင် ကြီး လှုပ်လေ၏ နတ်တို့၏စည်တော်တို့သည်လည်း တခြမ့်ခြမ့်မြည်ကုန်၏ ။

 အာနန္ဒာ ယခုတဖန် ငါ့အား မာရ်နတ်သည် ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပြီးဟုလျောက်ထားပြန်၏ ငါဘုရားသည် ယနေ့မှစ၍ နောက်သုံးလလွန်မြောက်သောအခါ ပရိဗ္ဗာန်ပြုလိမ်မည်း မိန့်တော်မူပြီ ယခု စာပါလစေတီ၌ အသက်ရည်ရန် ပြုပြင်မှု အာယုသင်္ခါရကို ငါဘုရား စွန့်လွတ်လိုက်ပြီး အာနန္ဒာ ။

 ကောင်းသောစကားကိုဆိုတော်မူတက်သော မြတ်စွာဘုရား အာယုကပ်လုံးတည်တော်မူပါလောဟု သုံးကြိမ်းတိုင်တိုင် သနားစရာတောင်ပန်းလျောက်ထားသော်လည်းပဲ ဘုရားရှင်ကိုယ်တော်မြတ် သည် အာနန္ဒာ ငါဘုရား၏ဗောဓိဥာဏ်ကို ယုံကြည်ပါလျက် အဘယ်ကြောင့် ငါကို သုံးကြိမ်တိုင်တိုင် နှိပ်စက်ဘိသနည်း အာနန္ဒာ ။

 အသက်ရှည်ရန် ပြုပြင်မှုအာယုသင်္ခါရနှင့်ပတ်ပက်၍ သင်ကို ငါဘုရားထင်ရှားသောနိမိတ်အရောင် ကိုပြပါလျက် သင်သည် သဘောမပေါက်ခဲ့ချေ ထိုအခါက ဤကဲ့သို့သုံးကြိမ်တိုင်တိုင် တောင်ပန် ငြားအံ့ ငါသည်သင်၏ တောင်ပန်သောစကားကို နှစ်ကြိမ်သာ ငြင်းပယ်၍ သုံးကြိမ်းမြောက်မူကား လက်ခံရာ၏ ထိုအချိန်ခါက ဤကဲ့သို့မတောင်ပန်ခြင်းသည် သင်၏အပြစ်သာလျှင်ဖြစ်ချေ၏ သင် ၏ချို့ယွင်းချက်သာလျှင်ဖြစ်ချေ၏ ။

အာနန္ဒာ  ချစ်ခင်မြတ်နိုးရသူအားလုံးတို့နှင့် ရှင်လျက်နဲ့ကွဲကွာခြင်း ဘဝခြားလျက်ကွဲကွာရခြင်းဆိုတာကို ရှေ့ကပင် ငါဘုရားဟောကြားခဲ့ပြီး မဟုတ်ပါလော အရာအားလုံးတို့သည် ပျက်စီးခြင်းသ ဘောရှိလေ၏ ထိုအရာအားလုံးကို မပျက်စီးပါစေလင့် ဟု လိုလားတောင့်တချက်အတိုင် အဘယ်မှာ ရနိုင်အံ့နည်း ရနိုင်ရန် အကြောင်းတရားလည်းမရှိတော့ပေ အာနန္ဒာ ။

ငါသည် အသက်ရှည်ရန် ပြုပြင်မှု အာယုသင်္ခါရကိုလည်း စွန့်လွက်လိုက်ပြီး ယနေ့မှစ၍ နောက်သုံး လလွန်မြောက်သောအခါ ပရိနိဗ္ဗာန်ပြုလိမ့်မည်ဟု ဧကန်မုချ စကားကိုလည်းမိန့်ဆိုခဲ့ပြီးပြီ ငါဘုရား အား စွန့်ပယ်လိုက်ပြီးသော အသက်ရှည်ရန်ပြုပြင်မှုကို အသက်ရှည်စေလိုသောကြောင့် တဖန်ပြန်၍ ဖြစ်လာရန် အကြောင်းရာမရှိတော့ပေ အာနန္ဒာ ။

 မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် နံနက်မိုးသောက်အလင်းရောက်သော
 အခါ ဝေသာလီ ပြည်သို့ ဆွမ်းခံလှည့်လည်ပြီးလျှင် ဝေသာလီပြည်မှထွက်ခွါခဲ့လေသည် ဖဲခွါခဲ့ပြီးသော ဝေသာလီပြည် ကို နောက်ပြန်လှည့်၍ ကြည့်ရှုတော်မူလေ၏ ယခုဝေသာလီပြည်ကို ကြည့်ရှုတော်မူခြင်းသည် ငါဘုရား၏ နောက်ဆုံးကြည့်ရူခြင်းသာဖြစ်လေ၏ အာနန္ဒာ ။

ပါဝါပြည်သို့ရောက်ရှိပြီး ရွှေပန်းထိမ်သည်သား စုန္ဒကပ်လှူသော နူးညံ့သောဝက်သားဖြင့်ဆွမ်းကို ဘုန်းပေးတော်မူပြီးသောအခါ ဘုရားရှင်ကိုယ်တော်မြတ်အား သေလိုက်အောင်ပြင်းထန်သော ဝမ်းသွေးလွန်ရောဂါဝေဒနာဖြစ်ပေါ်လာ၏ ထိုဝေဒနာကို သတိနှင့်ဆင်ခြင်လျှက် ပန်ပင်းသည်ဟု မရေတွက်ပဲ သည့်ခံတော်မူလေ၏ အာနန္ဒာ လာ .. … ကုသိနာရုံပြည်သို့သွားကြစို့…………..

ကုသိနာရုံပြည် လမ်းခရီးဝယ် အာနန္ဒာ ငါဘုရားပင်ပန်းလှပြီ ထိုင်ဦးအံ့ ရေလည်းစာလွန်လှပြီး သောက်ရေကိုဆောင်ချေလော့ အရှင်ဘုရား ယခုပင် လှည်းအစီးငါးရာတို့သည် ဖြတ်ကူထားသော ကြောင့် ချောင်းရေသည် နောက်ကျုလျက် စီနေပါ၏ အရှေ့၌ ကကုဓာမြစ် မဝေးလှတော့ပါ ထိုမြစ်သည် ကြည်လင်ချိုမြိန်အေးမြသော ရေရှိသည်ဖြစ်၍ ထိုမြစ်ရေကိုသာ သောက်တော်မူပါလော့ ။

 ဤကဲ့သို့ သုံးကြိမ်းမြောက်မိန့်ဆိုသောအခါ အရှင်အာနန္ဒာသည် သပိတ်ကိုယူကာ ထွက်ခွါသွား လေ၏ လှည်းများဖြတ်ကူးထားပြီး နောက်ကျူးနေသောချောင်းရေသည် အရှင်အာနန္ဒာရောက်ရှိလာ သောအခါ ကြည်လင်သန့်ရှင်းလျှက်ရှိနေ၏သပိတ်ဖြင့်ရေကိုခပ်ယူကာ မြတ်စွာဘုရားထံယူဆောင်လာပြီးကပ်လေ
၏အာနန္ဒာ ကုသိနာရုံမြို့ဝင်ခါနီး မလ္လမင်းတို့၏ အင်ကြင်းတောကိုဆက်သွားကြစို့ ။

အင်ကြင်းပင်အစုံတို့ အကြား၌ မြောက်အရပ်သို့ ဦးခေါင်းပြုကာ ညောင်စောင်းကိုခင်းလော့ အာနန္ဒာ ထိုညောင်စောင်းထက်ဝယ် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် လက်ယာခြေပေါ်၌ လက်ဝဲ ခြေတော်ကိုတင်ထား၍ သတိနှင်ဆင်ခြင်လျက်လက်ယာနံတောင်းဖြင့် မြတ်သောလျောင်း
စက်ခြင်းကို ပြုတော်မူ၏ ။

အခါမဲ၌ အင်ကြင်းပင်တို့သည် ပင်လုံးကျွက်ပွင့်လျှက် မြတ်စွာဘုရား၏ကိုယ်တော်ထက်သို့ ပူဇော်သည့် အနေဖြင့် ကြဲဖြန့်ကုန်၏ ကောင်းကင်မှ မန္ဒာရဝမည်သော နတ်ပန်းတို့သည်လည်း ကျလာကုန် ၏ နတ်၌ဖြစ်သော စန္ဒကူနံ့သာမှုန့်တို့သည်လည်း ကောင်းကင်မှ ကျလာကုန်၏ နတ်တူရိယာတို့သည်လည်း မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် တီးမှုတ်လျက်ရှိကုန်၏ နတ်သီချင်းသံတို့သည် လည်း ကောင်းကင်၌ ဖြစ်ပေါ်လျက်ရှိကုန်၏

အရှင်အာနန္ဒာသည် ကျောင်းဆောင်အတွင်သို့ဝင်ပြီး တံခါးတိုင်ကိုမှီလျှက် ငါသည် ရဟန်းကိစ္စအားလုံးမပြီးမြောက်သေးသော သေက္ခပုဂ္ဂိုလ်မျှသာဖြစ်လေ၏ ငါ့အား ပြုဖွယ်ကိစ္စရှိသေး၏ ငါ ကို အစဉ်သနားတော်မူသော နောင်တော်ကြီး ဘုရားရှင်ကိုယ်တော်မြတ်သည် ယနေ့ညဥ့် သန်းခေါင်ယံအချိန်၌ ပရိနိဗ္ဗာန်ပြုတော့မည်ဟု ဝမ်းနည်းကြေကွဲ ပူဆွေးသောက ထိန်းမရတဲ့ မျက်ရည်စက် များနဲ့အတူ တိက်တိက်ကလေး ငိုကြွေးနေရှာ၏……………………

 အာနန္ဒာ တန်တော့ စိုးရိမ်ပူဆွေး မငိုကြွေးလင့် ဟု နှစ်သိမ့်တော်မူပြီး ချစ်သားတို့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိသောကြောင့် မမေ့သောသတိတရားဖြင့် ကောင်းစွာ အားထုတ်ပြီး နေရစ်ကြကုန်လော့ ဟု နောက်ဆုံးမှာကြားခဲ့ပြီး ကုသိနာရုံ မလ္လမင်းတို့၏ အင်ကြင်း တောဝယ် ညဥ့်သန်းခေါင်ယံအချိန်၌ ဘုရားရှင်ကိုယ်တော်မြတ်သည် ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့လေ၏………

*တလောကလုံး ဝမ်းနည်းကြေကွဲ ပူဆွေးသောက မျက်ရည်ကျပြီး ကျန်ရစ်ခဲ့ရှာပြီးပေါ့……………


* မြတ်နိုးတွယ်တာ ဘယ်ရာမဆို သေကွဲရှင်ကွဲ မလွဲသေခြာ တစ်ရက်မဟုတ် တနေ့ထို့မှာ ခွဲခွါရမည် ဓမ္မတာတည်း …………………..

 မေတ္တာရဝေနွယ် ………………………………….

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...