Pages

Subscribe:

Ads 468x60px

ကျွန်ုပ်၏ မိဘနှစ်ပါး၊ ဆရာသမားများအားလုံး၊ ဆွေမျိုး ညာတိကာ မိတ်ဆွေများအားလုံး၊ တရားကျင့်ဖေါ်များ အားလုံး...ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊

Tuesday, 14 May 2013

ဗာရာဏသီ အလွမ်း

အိန္ဒိယနိုင်ငံ ဗာရာသီမြို့ကြီးသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်ရှိခဲ့သောမြို့
တစ်မြို့ဖြစ်ပါသည် မိဂဒါဝုန်ဘေးမဲ့တောကြီးထဲမှာမြတ်ဗုဒ္ဓဦးစွာပထမပဉ္စ၀ဂ္ဂီ(၅)ဦးကို
တရားဦးဟောကြားခဲ့သောနေရာလည်းဖြစ်သည့်အတွက်လူသိများကြမယ်လို့စာရေး
သူထင်ပါတယ်၊

ယခုချိန်ထိ ဓမ္မေခစေတီတြော်မတ်ကြီးနှင့် မိဂဒါဝုန်ဘေးမဲ့တောကြီးထင်ရှားလျှက်ရှိနေ
ပါသေးသည် မကြာခဏဆိုသလိုမြန်မာဘရားဖူးဧည့်သည်များလာရောက်ဖူးမျော်ကြည်
ညိုလျှက်ရှိသည်၊

အဲ့ဒီမိဂဒါဝုန်ဘေးမဲ့တောကြီးကနေ အလှမ်းမဝေးတဲ့နေရာလေးမှာ  စာရေးသူတို့

သူငယ်ချင်းတတွေနေထိုင်သော အဆောင်ကလေးတည်ရှိသည် အဒ်ီဆောင်
ကလေးရဲ့ရှေမှာ စိမ်းလန်းစိုပြေနေတဲ့ သရက်ပင်ကြီးတစ်ပင်နှင့် စာရေးသူတို့စိုက်ပျိုး
ထားသောစိုက်ခင်းလေးတွေလည်းရှိပါသေးတယ။်

ပူပြင်းတဲ့ နေလယ်ခင်အချိန်မှာ အုပ်မှိုင်းဝေစာနေတဲ့ သရက်ပင်ကြီးရဲ့အောက် ပျော်ပျော်
ရွှင်ရွှင်နဲ့သူငယ်ချင်းအားလုံး စာတွေဖတ်ကြ စာတွေသင်ကြနဲ့ပေါ့ သရက်သီးတွေသီးတဲ့
အချိန်မှာဆို သရက်သီးတွေခူးစားရင်း စာတွေကျက်ကြတယ် တနေ့မှာအိမ်ပိုင်ရှင်လာပြီခူး
သွားတာတောင် သရက်ပင်ကြီးရဲ့အသီးတွေဟာ မကုန်နိုင်မခမ်းနိုင်ပဲ စာရေးသူတို့နှင့်
အတူ ပျော်ရွှင်နေဆဲပါ၊

အဲ့ဒီလိုသရက်ပင်ကြီးနဲ့ ပျော်ရွှင်စရာကြည်နိုးစရာအချိန်တွေ တရွေ့ရွေ့နဲ့နေ့ရက်နာရီ
အလိုက် ပထမနှစ်တက္ကသိုလ်စာမေးပွဲကြီး အောင်မြင်စွာပြီးဆုံးသွားသည့်တိုင်အောင် ရှိ
နေလျှက်ပါ ………………

.စာရေးသူတို့သူငယ်ချင်းတွေ စာမေးပွဲကြီး ပြီးမြောက်အောင်မြင်သွားတဲအချိန်မှာ အမိ
မြန်မာပြည်ကို တချို့သူငယ်ချင်းများပြန်ကြလေသည် မပြန်ကြတဲ့သူငယ်ချင်းတွေကတော့
ဟော့ဒီသရက်ပင်ကြီးရှိတဲ့ အဆောင်လေးမှာ ပျော်ရွှင်စွာနေထိုင်ရင်း ကျန်ရစ်ခဲ့ရှာတယ်


ဒါပေမဲ့ နှစ်သစ်ကူးတဲ့နွေရာသီဦးမှာ နေကလည်းပူ လေဟာလည်းမတိုက် သစ်ရွက်တွေ

ကကြွေ သူငယ်ချင်းတွေလည်းမရှိ ပျင်းပျင်းရိရိနဲ့ ရင်ထဲမှာအမည်မသိတဲ့ အလွမ်းများစွာနဲ့ 
ရက်ပေါင်း(၃၀)ကျော်နေခဲ့ပြီးတဲ့နောက်မှာတော့ စာမေးပွဲအောင်စာရင်းတွေထွက်ပြီး 
သူငယ်ချင်းအားလုံး အကျမရှိ ရလက်ကောင်းမွန်စွာနဲ့ အောင်မြင်နိုင်ခဲ့သည်  ။

စာရေးသူတို့နောက်ဆုံးနှစ်မတက်မှီ ရက်ပိုင်းအလိုမှာ အဆောင်ကိုကျောင်းသားအသစ်
များရောက်ရှိလာတော့ အားရဝမ်းသာဂုဏ်ယူစွာနဲ့ စီးကြိုခဲ့သည် အဲ့ဒီအဆောင်လေးဟာ 
ဆက်လက်ပြီးတော့ ညီညွတ်ခြင်းများစွာနဲ့ ပျော်ရွှင်နေဆဲပါ ။

နောက်…သိပ်မကြာမည်တစ်နေ့သောအခါမှာ မတိုက်ဆိုင်တဲ့ စိတ်သဘောထားကွဲလွဲမှု
လေးတွေကြောင့် ညီညွတ်ပြီးပျော်ရွင်နေတဲ့ သူငယ်ချင်းတွေဟာ နှစ်ဖွဲ့ကွဲသွားသည်အထိ
ရောက်ရှိသွားကြတယ် ။


စာရေးသူတို့အဆောင်ရှေ့ကသရက်ပင်ကြီးဟာလည်း  အရင်နှစ်ကဆို စိမ်းလန်းစိုပြေပြီး
အသီးတွေနဲ့ပြည့်လို့ အဲ့ဒီနှစ်မှာတော့ ရွက်ဟောင်ခြွေပြီး ရွက်သစ်တောင်အပြည့်ဝ
မဝေစာနိုင်တော့ဘူး ပင်စည်တခြမ်းကခြောက်ကပ်ပြီး သူအလိုလိုတခြမ်းလုံးဝ
သေဆုံးသွားရှာတယ်၊

အဲ့ဒီလို့ သရက်ပင်ကြီးကလည်းတခြမ်းသေ သူငယ်ချင်းတွေလည်းတခြမ်းစီကွဲပြီး  နေထိုင်
လာခဲ့တဲ့အချိန်တွေမှာတော့ အပြည့်ဝမပျော်ရွှင်ခဲ့ပေမဲ့ စိတ်တော့မညစ်ခဲ့ပါ စာဖတ်စာကျက်
ပြုလုပ်တဲ့အခါတိုင်းမှာတော့ စိတ်သဘောထားတိုက်ဆိုင်တဲ့သူငယ်ချင်းတွေစုပြီး အခန်း
တစ်ခုထဲမှာပဲအတူစာဖတ်ဖြစ်ကြတယ် 


တစ်နေ့မှာတော့ သူငယ်ချင်းတစ်ယောက်က သရက်ပင်ကြီးကိုကြည့်ပြီးပြောလိုက်တယ်
သူငယ်ချင်းတို့ရေ ဟိုးအရင်တုန်းကဆိုရင် ဟော့ဒီသရက်ပင်ကြီးအောက်မှာ
သူငယ်ချင်းတွေအားလုံး စာတွေဖတ်ကြ စာတွေတက်ကြနဲ့ ပျော်ရွှင်ကြည်နူးစရာအ
လွန်ကောင်းတယ် အခုတော့ သရက်ပင်ကြီးဟာ တခြမ်းကသေပြီ တခြမ်းက
မစိမ်းလန်းမစိုပြေနိုင်တဲ့ သရက်ရွက်လေးတွေ အနည်းခြင်းနဲ့ပဲ ရှင်သန်နေရှာတယ်

 သရက်ပင်ကြီးလည်း ထို့လိုပါပဲလား ။

အဲ့ဒီလိုနဲ့ ရက်တွေကုန်လွန်ပြီး နောက်ဆုံးနှစ်စာမေးပွဲကြီးတောင်ဖြေဆိုရတော့မယ် သူ
ငယ်ချင်းအားလုံး စာမေးပွဲကြီးကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့ပြီး အောင်မြင်မှုရလက်တွေနဲ့အတူ
အမိမြန်မာပြည်သို့ပြန်ဖို့ရန် ကျန်ရစ်သူငယ်ချင်းများအာနုတ်ဆက်ပြီးတော အဆောင်ရှေ့က
သရက်ပင်ကြီးငေးကြည်ရင်း ရင်ထဲမှာ ဝမ်းနည်းရမှာလို ဝမ်းသာရမှာလိုအဖြစ်မျိုးနဲ့  အမိမြန်
မာပြည်ကို ထွက်ခွါသွားခဲ့ကြလေသည် ။

စာရေးသူတို့အမိမြန်မာပြည့်သို့ပြန်ရောက်ရှိနေသောအချိန်ခါမှာ အရင်နှစ်တွေလိုပဲ
ကျောင်းသားသစ်များ သရင်ပင်ကြီးရှိရာ အဆောင်လေးဆီသို့ ရောက်ရှိ၍လာပြန်သည်
အဒီနှစ်ဦးအစကိုတော့ စာရေးသူတို့မသိခဲ့ပါ ၊မြန်မာပြည်မှာ(၆)လကြာပြီးနောက်အိန္ဒိယနိုင်ငံ
ဗာရာဏသီမြို့ကြီးသို့ခေတ္တပြန်လည်ရောက်ရှိခဲ့လေသည်။

ရောက်တဲ့နေမှာတော့ တက္ကသိုလ်သူငယ်ချင်းတစ်ယောက်၏အခန်းထဲမှာ တစ်ညအိပ်ခဲ့ပြီး
နောက်တစ်နေ့ နံနက်စောစော မိမိတို့နေထိုင်ခဲ့သောသရက်ပင်ကြီးရှိရာအဆောင်
လေးဆီသို့ သူငယ်တစ်ယောက်နဲ့အတူ သွားခဲ့ကြလေသည် အဆောင်ထဲသို့မ၀င်မှီ ခြံဝက
နေ သရက်ပင်ကြီးကိုလှမ်းပြီးကြည့်လိုက်တော့ သရက်ပင်ကြီးဟာ ပင်စည်တခုလုံးခြောက်
ကပ်ပြီး အောက်မှာလည်း သစ်ရွက်ခြောက်တွေကပုံလို့ သေဆုံးနေတာကိုတွေလိုက်ရတယ်။

အဆောင်ထဲသို့ရောက်တော့သူငယ်ချင်းတစ်ယောက်ကလှမ်းခေါ်လိုက်သေးတယ်ပထမ
တစ်ခါတော့မကြားလိုက်ပါ အတွေများနဲ့လျောက်လာသောကြောင့်ဒုတိယတစ်ခါပြန်ခေါ်
လိုက်မှ ငါကိုခေါ်နေတာပါလားလို့သိလိုက်ရတယ် လာလေကွာသူငယ်ချင်းဘာလုပ်နေတာ
လဲ အခုမှရောက်တာလား အေးဟုတ်တယ် ဒါဆိုလာလေကွာ အပေါ်တက်လာခဲ့ ကော်
ဖီသောက်ရင်း စကားပြောရအောင် အပေါ်တက်သွားပြီးအခန်းထဲသို့ရောက်တော့သူနဲ့စကား
တွေအများကြီးပြောရင်း စာရေးသူ  သူငယ်ချင်းကိုမေးလိုက်တယ် ။

ဒီသရက်ပင်က တကယ်သေသွားပြီနော် ဟုတ်တယ်သူငယ်ချင်း ဒီသရက်ကြီးလည်းသေ
ကျောင်းသားတွေကလည်း အရင်တုန်းကလို့ပျော်ပျော်ရွှင်ရွှင်နဲ့ အတူသွားအတူစား မဟုတ်
ကြတော့ဘူးတစ်ယောက်ချင်းဆီဖြစ်သွားကြပြီး ဒီသရက်ပင်ကြီးသေဆုံးသွားသလိုငါတို့ရဲ့
ပျော်ရွှင်မှုတွေ ညီညွတ်ခြင်းသဘောတရားတွေဟာလည်း သရက်ပင်ကြီးနှင့်အတူသေဆုံး
ပျောက်ကွယ်သွားခဲ့လေပြီ ။

တကယ်တော့…ဟော့ဒီသရက်ပင်ကြီးဟာ ငါတို့ကျောင်းသားတွေရဲ့ ပြယုဂ်အဖြစ်ညီညွတ်မှုတွေ
ကွဲလွဲမှုတွေကို သက်သေထားရာ ကဗ္ဗည်းမှတ်ကျောက်ထိုးပြီး ရာဇ၀င်တွင်ခဲ့တဲ့ သရက်ပင်ကြီး
အဖြစ် ယနေ့တဲ့ထိတိုင် သရက်ပင်ကြီးကတည်ရှိနေလေရဲ့….
 
နောက်တစ်နေ့ည(၇)နာရီအချိန်မှာစာရေးသူတို့  သူငယ်ချင်းအားလုံးကို နုတ်ဆက်ခဲ့ပြီး
ဗာရာဏသီမြို့ကြီးမှ အေးချမ်းတဲ့  ဗုဒ္ဓဘာသာအများစုနေထိုင်ရာ အိန္ဒိယနိုင်ငံနာဂပူမြို့လေးရှိရာ
ဆီသို့ ထွက်ခွါခဲ့ကြလေသည်…….............................။

ဒီနေရာမှာသံဝေဂ လင်္ကာလေးကို သွားအမှတ်ရမိတယ်.....

တင့်တယ်လှပ ပန်းအလှလည်း ကြွေကျနောက်ဆုံး ခန္ဓာပြုန်း၏
ရောင်ဝါထိန်လင်း ရှင်နေမင်းလည်း မှောင်ခြင်းနောက်ဆုံး ခန္ဓာပြုန်း၏

              ရွှင်လန်းချမ်းမြေ့ပါစေ……မေတ္တာရဝေနွယ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...