Pages

Subscribe:

Ads 468x60px

ကျွန်ုပ်၏ မိဘနှစ်ပါး၊ ဆရာသမားများအားလုံး၊ ဆွေမျိုး ညာတိကာ မိတ်ဆွေများအားလုံး၊ တရားကျင့်ဖေါ်များ အားလုံး...ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊

Tuesday, 25 June 2013

လျောက်သောလမ်း မမှားစေနဲ့


ကိုယ်တည်းတစ်ယောက် ကောင်းစားဖို့အတွက် အခွင့်ရေးရပါလျှက် 

လက်မခံခဲ့ပဲ လောကကြီးထဲက သတ္တဝါအပေါင်းကို မိမိနှင့်ထက်တူ
ထက်မျှ ကောင်းစားဖို့အတွက် သုမေဓာရှင်ရသေ့ဘဝမှစ၍ လေးအသင်္ချေနဲ့ 
ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ခဲ့ပြီး ဘုရားအဖြစ်သို့ရောက်ရှိသောအခါ မိမိသိမြင်ထားသောတရားဓမ္မတို့သည် နက်နဲခက်ခဲ သိမြင်နိုင်ခဲ၏

ပညာရှိတို့သည်သာ သိနိုင်ရာဖြစ်လေ၏ ယခု သတ္တဝါအားလုံးတို့သည် 

အလွန်ပညာနည်းကုန်၏ ငါသိမြင်ထားသော တရားတို့နှင့် မထိုက်တန်ပေ 
ငါပင်ပန်းယုံသာဖြစ်လိမ့်မည်ဟု ဘုရားရှင်၏ စိတ်နှလုံးတော်၌
ဖြစ်တော်မူ၍ တရားဓမ္မများကို မဟောပြရန် အကြံဖြစ်ပေါ်၍လာ၏

သဟမ္ပတိဗြဟ္မာသည် မြတ်ဗုဒ္ဓ တရားမဟောရန်အကြံဖြစ်ပေါ်လာခြင်းကို 

သိတော်မူ၍ အချင်းတို့ လောကကြီးပျက်စီးတော့မည် ဆိုလျှက် ပူဇော်အထူးကို ခံတော်မူထိုက်သောမြတ်စွာဘုရားအား တရားဟောဖို့ရန် လက်အုပ်ချီဒူးထောက် ရှိခိုးတောင်းပန်ခဲ့သောကြောင့် တရားဓမ္မများကိုဟောပြခဲ့ရာ

ဗာရာဏသီမြို့အနီ မိဂဒါဝုန်သားမျိုးစုံတဲ့ ဘေးမဲ့တောမှာ

ဦးစွာပထမ ပဉ္စဝဂ္ဂီ ၅ ဦးတရားထူးများကို သိမြင့်ခဲ့ပြီ
ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါး စတင်ပေါ်လာပြီး 
ဆက်လျက် ဗုဒ္ဓ၏လျောက်လှမ်းရာလမ်းကို လိုက်ပါခဲ့သော ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်များစွာ ပေါ်ထွန်းလာခဲ့သည်

လူမိုက်တို့သွားရာလမ်းကို လျောက်လှမ်းနေသာ မှားသောအယူရှိသော 

မိစ္ဆာဒိဋ္ဌိများသည် ဗုဒ္ဓ၏ဘာသာ သာသနာကို ကွယ်ပျောက်ရန် 
အမျိုးမျိုးပျက်ခဲ့သော်လည်းပဲ မြတ်ဗုဒ္ဓသည် မိမိ၏ဘာသာ သာသနာကို မကွယ်ပျောက်အောင်ထိန်းသိမ်းစောင့်ရှောက်ခဲ့၏

 မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ဝင်စံခဲ့ပြီးနောက်လည်း ဘုရားသားတော်ဖြစ်တဲ့ 
ရဟန်းသံဃာများသည် ယနေ့ခေတ်တိုင်အောင် ဆက်လက်ထိန်း
သိမ်းစောင့်ရှောက်နိုင်ခဲ့လေ၏

အဲ့ဒီလို ဗုဒ္ဓဘာသာ သာသနာကိုစောင့်ရှောက်လာခဲ့သော ရဟန်းသံဃာများ၏ 

အဆုံးအမစကားကို ရန်သူလိုမျိုးပြောနေကြသော ဗုဒ္ဓဘာသာဝင်တချို့သော 
ပုဂ္ဂိုလ်များ၏ စကားသံများကို စာရေးသူတို့ကြားနေရပါတယ် သာယာနာပျော်
ဖွယ်မရှိလှပါ

အသိဉာဏ်နည်းလေစွ အဲ့ဒီလိုမျိုးပုဂ္ဂိုလ်တွေကြောင့် ဘုရားရှင်ကိုယ်တော်မြတ် ဘုရားအဖြစ်သို့ရောက်ရှိသောအခါ မိမိသိထားပြီးသောတရားဓမ္မများကို
မဟောရန် ဘုရားရှင်၏စိတ်နှလုံးတော်၌ အကြံဖြစ်ပေါ်လာခြင်းဖြစ်ပါလိမ့်မည် ။

ယခု မိမိတို့လျောက်လှမ်းမည့်လမ်းဟာ
မြတ်ဗုဒ္ဓလျောက်လှမ်းခဲ့ရာလမ်းကိ
လျောက်လှမ်းကြမည်လော့
လူမိုက်တို့သွားရာလမ်းကို
လျောက်လှမ်းကြမည်လော့
ဗုဒ္ဓဘာသာကို စောင့်ရှောက်မည်လော့
ဗုဒ္ဓဘာသာကို ပျက်စီးမည်လော့
လူမိုက်တို့ကို အားပေးမည်လော့
လူမိုက်တို့ကို ရှောင်ကြဉ်မည်လော့

ကိုယ်တိုင်စဉ်းစားကြပါ ဦးစွာပထမ သတိပေးပါရစေ လျောက်သောလမ်း မမှားစေပါနဲ့.........။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...