Pages

Subscribe:

Ads 468x60px

ကျွန်ုပ်၏ မိဘနှစ်ပါး၊ ဆရာသမားများအားလုံး၊ ဆွေမျိုး ညာတိကာ မိတ်ဆွေများအားလုံး၊ တရားကျင့်ဖေါ်များ အားလုံး...ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊

Saturday, 1 June 2013

အချစ်ကံမကောင်းပေမဲ့ အရကံကောင်းခဲ့သူ


ကပိလ၀တ်ပြည့်ရှင်  သုဒ္ဓေါဓနမင်းကြီးသည်  သားတော်ကြီး သိဒ္ဓတ္ထမင်းသားက ထီးနန်းကိုစွန့်လွတ်ပြီး တောထွက်သွားသည်မို့ နန္ဒမင်းသား (၃၅ )နှစ်ပြည့်သောနေ့တွင် အားကိုးအားထားပြုပြီး ထီးနန်းကို လွှဲအပ်ပေးခဲ့ပြီး သားတော်နန္ဒမင်းသား နှင့် ဇနပဒလျာဏီမင်းသမိးတို့၏ လက်ထပ်ပွဲမင်္ဂလာအခမ်းနာကိုလည်း  အင်မတန် ကြီးကျယ်ခမ်းနားစွာပြုလုပ်ပေးခဲ့သည်

ထိုနေ့တွင် သားတော်ကြီး သိဒ္ဓမင်းသားသသည် ဘုရားအဖြစ်သို့ရောက်ရှိပြီး ဖခင်၏တိုင်းပြည် ကပိလဝတ်ပြည့်သို့ရောက်လာသတဲ့ဆိုတာကို ညီတော်နန္ဒမင်းသား ကြားသိလိုက်သောအခါ  သူ့ရဲ့မင်္ဂလာဆွမ်းကို အကိုဖြစ်တဲ့ ဘုရားရှင်အား ဆက်ကပ်ခဲ့တော့တာပေါ့ ဆွမ်းစားပြီးသောခါ ညီတော်နန္ဒ ငါသပိတ်ကိုယူခဲ့လော့ သပိတ်ပိုက်ယူခဲ့ပြီး အကိုဖြစ်သူဘုရားရှင်အားလိုက်ပို့လေ၏ သူစိတ်ထဲတွင် နန်တော်အပေါက်ဝထိပဲ လိုက်ပို့ခိုင်တယ်လို့ ထင်နေရှာ၏ အပေါက်ဝသို့ရောက်သောအခါ ဘုရားရှင်သည် သပိတ်ကိုပြန်မယူချေ

ဇနပဒကလျာဏီသည် နန္ဒမင်းသား သူအကိုတော်ဘုရားသပိတ်ကိုကိုင်ပြီး ပါသွားတယ်လို့ကြားလိုက်ရော ချက်ချင်း လေသာပြတင်းဝကိုထွက်ပြီး မောင်တော်ဘုရား မြန်မြန်ပြန်ခဲ့ပါတော့…….. မြန်မြန်ပြန်ခဲ့ပါတော့ဆိုတဲ စကားသံကို နန္ဒမင်းသား နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ချစ်ဇနီးလှလှ ဇနပဒကလျာဏီးချောနှမရဲ့ စိုးရိမ်းတဲ့မျက်ဝန်းနဲ့သူကိုကြည့်ပြီး မှာနေတာကို မြင်လိုက်တော့ ချက်ချင်း လှည့်ပြန်ပြေးချင်စိတ်ပေါက်လာ၏

သို့သော်လည်း အကိုတော်ဘုရားကို ငယ်စဉ်ကတည့်က ချစ်ခင်မြတ်နိုး ရိုသေလေးစားသောကြောင့် စိတ်ကိုကြိတ်မှိတ်ထားပြီး သပိတ်ကိုကိုင်ပြီး ကျောင်းတော်အထိရောက်သွားလေ၏ ။
ကျောင်းကိုရောက်တဲ့အခါမှာ - ညီတော်-ရဟန်းပြုပေးမယ်ဆိုရင် ပြုနိုင်မလားလို့ မေးလိုက်သောအခါ စိတ်ထဲမှာတော့ အကြိမ်ကြိမ်ငြင်းပယ်နေမိ၏ ဒါပေမဲ့ အကိုတော်ဘုရားကို ချစ်ခင်ရိုသေသောကြောင့် မငြင်းပယ်ဘဲ ရဟန်းပြုခဲ့လေ၏  

ဘုရားရှင်ကိုချစ်ခင်ရိုသေကြောင့် သာသနာဘောင်ထဲသို့ရောက်လာသော နန္ဒမင်းသားသည် ဇနပဒကလျာဏီချောမနှရဲ့ မှာလိုက်တဲ့စကားသံနဲ့ မှာလိုက်ပုံလေးကို လွမ်းဆွေးတန်းတ သတိရနေသောကြောင့် သာသနာဘောင်မှာ မပျော်မွေ့ခဲ့ချေ သာသနာ့ဘောင်မှာ မပျော်မှန်းသိတဲ့ ဘုရားရှင်သည် သူရဲ့စိတ်ကို ပြောင်းလဲစေရန် တာဝတိသာနတ်ပြည်သို့ခေါ်သွားလေ၏ လမ်းခရီးးဝယ် သစ်ငုတ်ပေါ်တွင်ထိုင်နေသော မီးလောင်ပြီး အမြီးပြတ်နေတဲ့ မျောက်အိုမကြီး တကောင်ကိုပြလေ၏ ညီတော်နန္ဒ- ဒီမျောက်အိုမကြီးနဲ့ ဇနပဒကလျာဏီ ဘယ်သူချောသလဲ ၊ ဘယ်လိုမေးလိုက်တာလဲ အကိုတော်ဘုရားရယ်၊ ဇနပဒကလျာဏီက မနှိုင်းယှဉ်သာအောင် သာတာပေါ့။

တာဝတိံသာနတ်ပြည်သို့ရောက်ပြီး  အင်မတန်ချောမောလှပတဲ့ နတ်သမီးများကိုတွေ့ရသောအခါ  ညီတော်နန္ဒ-ဒီနတ်သမီးတွေနဲ့ ဇနပဒကလျာဏီ ယှဉ်လျှင်ရော ဘယ်သူချောသလဲ နတ်သမီးတွေရဲ့အလှဟာ သူထက်အဆပေါင်းများစွာ သာလွန်းပါတယ်ဘုရား၊ သူတို့နှင့်ယှဉ်လျှင် ဇနပဒကလျာဏီရဲ့အလှဟာ မျောက်အိုမကြီးရဲ့ အနေအထားလောက်ပဲ ရှိပါတယ် အရှင်ဘုရား။

ဒါဆို-ညီတော်နန္ဒ ဒီနတ်သမီးတွေကို လိုချင်လျှင် သာသနာတော်မှာ ပျော်ပျော်ရွှင်ရွှင်နေပါ သူတို့ကို သင် ရစေရပါ့မယ် ၊ နတ်သမီးများကို လိုခြင်တက်မက်သောစိတ်ဖြင့် သာသနာ့ဘောင်မှာ ပျော်အောင်ကြိုးစားပြီး နေခဲ့သော အရှင်နန္ဒအား တခြားသောရဟန်းတို့သည် ရှင်နန္ဒဆိုတဲ့ရဟန်းဟာ သာသနာ့ဘောင်မှာပျော်ဖို့
အတွက် နတ်သမီးများဖြင့် မျှားခဲ့ရတယ်ဆိုတာကို ပြောဆိုကဲ့ရဲ့ကုန်ကြ၏

ထိုစကားကို ရှင်နန္ဒကြားသိသောအခါ စိတ်ထဲမှာရှက်စိတ် မခံချင်စိတ်တွေ ၀င်လာခဲ့လေ၏ ရဟန်းတို့ရဲ့ ကဲ့ရဲ့စကားကို မခံချင်တော့တာမို့ ကမ္မဋ္ဌာန်းတရားကို ကြိုးစားပြီးအားထုတ်လိုက်တာ အရဟတ္တဖိုလ်ဆိုက်ရောက်ပြီး ရဟန္တာဖြစ်သွားခဲ့ပါတော့သည် ၊ ဒီတော့မှ တည်းငြိမ်အေးချမ်းစွာနဲ့ ဘုရားရှင်ထံပါးသွားပြီး  အရှင်ဘုရား ယနေ့မှစ၍ နတ်သမီးငါးရာကို ရလိုခြင်စိတ် မရှိတော့ပါဟု လျောက်ထားပြီး တည်ငြိမ်အေးချမ်းသော အရဟတ္တဖိုလ်စိတ်ဖြင့် သာသနာ့ဘောင်မှာ ပျော်မွေ့စွာနေသွားခဲ့လေသည် ။

                                    မေတ္တာရဝေနွယ်......................................


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...