ဘဝရဲ့ အမှန်တရားကို
လျောက်လှမ်းပြီး
ရှာဖွေရန်
ထီးနန်းကို ကျောခိုင်းခဲ့……..
အနောမာမြစ်ကမ်းကို
ပထမဆုံး
သိဒ္ဓတ္ထရဲ့
ခြေလှမ်းများ
နောက်မဆုတ်တိုင်း
ချီတက်ခဲ့…....................
ဥရုဝေလ မှာ
စံပျော်
နှောင်းခဲ့တဲ့ရက်ပေါင်း
ဒုက္ခတွေနဲ့
ပေးဆပ်
ခြောက်နှစ်တာ
ပြောင်းခဲ့ပေါ့ ………………
ဥရုဝေလကို
တဖန် ကျောခိုင်း
နေရဉ္ဖရာ ရဲ့
ကမ်းတဘက်ကို
ဖြတ်သန်းပြီး
ရှေ့ဆက်ခဲ့ ……………..
ဗောဓိညောင်နန်းရဲ့
အရိပ်စခန်းအောက်မှာ
သိဒ္ဓတ္ထရဲ့
ခြေလှမ်းများ
ရပ်တံ့
ဗုဒ္ဓရဲ့ ခြေလှမ်းများဖြင့်
လောကကို
ချီတက်ခဲ့ ………………
မေတ္တာရဝေနွယ် .........
0 comments:
Post a Comment