Pages

Subscribe:

Ads 468x60px

ကျွန်ုပ်၏ မိဘနှစ်ပါး၊ ဆရာသမားများအားလုံး၊ ဆွေမျိုး ညာတိကာ မိတ်ဆွေများအားလုံး၊ တရားကျင့်ဖေါ်များ အားလုံး...ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊

Thursday, 30 May 2013

နာဂပူအလှ တုမရတဲ့ အိန္ဒိယနိုင်ငံ

အလှအပတရားတွေဟာ လူတွေအတွက် ပါသာဒ ဖြစ်လောက်သည်မှို့ ရုပ်အလှတွေဟာ ကြာလာသည်နှင့်အမျှ ပျက်စီးသွားတက်၏ စေတနာအလှကတော့ ဘယ်တော့မှပျက်စီးသွားမည်မဟုတ်ပါ ၊

စာရေးသူတို့နေထိုင်သော နာဂပူမြို့လေးရဲ့ ဗုဒ္ဓဘာသာဝင်တို့စေတနာသဒ္ဓါတရားဟာလည်း အိန္ဒိယတနိုင်ငံလုံး ယှဉ်လို့မရ တုလို့မရအောင် ယခုလိုလှပ၍နေပါတော့သည် ..........
မေတ္တာရဝေနွယ်..................
                  
                                                            

Tuesday, 28 May 2013

ချွေးနှင့်ရင်းပြီး သွေးနဲ့ရေးမည်

လူမျိုးဘာသာ သာသနာအတွက် ထို့ချွေးစက်တွေ မြေမှာခပါစေ ဘဝကိုပေးဆပ်ပြီးတော့
စောင့်ရှောက်သွားမည် ...............ထေရဝါဒ ထို့တိုင်းပြည်
လူမျိုးဘာသာ သာသနာအတွက် ထို့သွေးစက်တွေ မြေမှာကျပါစေ အသက်ကိုပေးအပ်ပြီးတော့ ကာကွယ်သွားမည်..................ထေရဝါဒ ထို့တိုင်းပြည်
                                                            
                                                                   မေတ္တာရဝေနွယ် .............................

Monday, 27 May 2013

အပြစ်ကိုတွေ့၍ အနှစ်ကိုရှာသူ


ဗာရာဏသီပြည်၌ နူးညံ့သိမ်မွေ့သော ယသသူဌေးသာသည် ရာသီဥတုအလိုက် နေထိုင်ရန် ပြသာဒ်သုံးဆောင်ရှိလေ၏ မိုးအခါတွင် မိုးလေးလပတ်လုံး အောက်တွင်မဆင်းပဲ ချောမောလှပသောမိန်းမပျိုတို့ တီးမှုတ်သံတူရိယာများဖြင့် စည်းစိမ်ခံစာလျက်နေလေ၏ ။ 

 တနေ့သောအခါတွင်ယသသူဌေးသား စောစောအိပ်ပျော်သွားခဲ့လေ၏ စောစောနိုး၍ ဖြေဖျော်သူမိန်းမ
အပေါင်းကို ကြည့်လိုက်သောအခါ သုသာန်သင်္ချိုင်းကဲ့သို့ အိပ်ပျော်နေခြင်းကိုေ
တွ့မြင်ပြီး ငြိးငွေ့သောစိတ်ဖြစ်ပေါ်လာသောကြောင့် ရွှေခြေနင်းကိုစီးလျှက် အိမ်မှထွက်ခွါသွားလေ၏ ။ 

မြို့အပြင်ဘက်သားသမင်ပေါတဲ့မိဂဒါဝုန်တောသို့ ရောက်သောအခါ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် မိုးသောက်ယံအခါ၌ စောစောထ၍ စကြံင်္လျောက်နေ၏ အဝေးမှလာနေသော ယသသတိုးသားကို တွေ့မြင်လိုက်သောအခါ စင်္ကြံမှရပ်နာပြီး တစ်ခုသောနေရာ၌ ထိုင်နေတော်မူ၏ ယသသတိုးသားသည် အချင်းတို့ တဏှာအစရှိသော ကိလေသာတို့သည် နှိပ်စက်အပ် ညှဉ်းဆဲအပ်ပေစွ ဟု ဆိုလေ၏ ။

 ယသ အသင့် လာပြီးထိုင်လော့ (ဆင်ရဲခြင်း ဒုက္ခသစ္စာ ဆင်ရဲခြင်း၏အကြောင့် သမုဒယသစ္စာ ဆင်ရဲချုပ်ငြိမ်းရာ နိရောဓသစ္စာ ဆင်ရဲချုပ်ငြိမ်းရာသို့ရောက်ကြောင်းလမ်းစဉ် မဂ္ဂသစ္စာ )တရားကို ပြတော်မူလိုက်သောအခါ ထိုနေရာ၌ပင် ယသသတိုးသားသည် ကိလေသာမြူအညစ်အကြေးမှ ကင်းသော သောတာပတ္တိမဂ်ဉာဏ်၌ တည်လေ၏ ။ 

 ယသ၏မိခင် ပြသာဒ်ထက်သို့ တက်လာကြည့်သောအခါ သားကိုမတွေ၍ သူဌေးကြီး သင့်ရဲ့သားကိုမတွေ့ပါလား ဟု ပြောလိုက်သောအခါ အရပ်လေးမျက်နှာကို တမန်တော်များစေလွှတ်၍ မိမိကိုယ်တိုင် ယသ၏ရွှေခြေနင်းကျရာ အစဉ်အတိုင် လိုက်လာသောအခါ မိဂဒါဝုန်တောသို့ ရောက်၍လာ၏ ။ 

အဝေးမှလာနေသော ယသ၏ဖခင်ကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် မြင်၍ ယသသတိုးသားအား မမြင်တွေ့အောင် တန်ခိုးဖြင့် ဖန်ဆင်းထားလေ၏ အရှင်ဘုရား ယသသတိုးသားကိုမြင်ပါ၏လော့ သူဌေးကြီး မြင်လိုလျှင်ဤနေရာတွင် ထိုင်ချေလော့ ဤနေရာတွင် ထိုင်နေသော သင်သည် ဤနေရာတွင် ထိုင်နေသော ယသသတိုးသားအား မြင်ကောင်းမြင်လိမ့်မည် သူဌေးကြီး ။ 

သစ္စာလေးပါးတရားကို ပြလိုက်သောအခါ သူဌေးကြီးလည်း အညစ်အကြေးကင်းသော သောတာပတ္တိမဂ်ဉာဏ်၌ တည်လေ၏ ထိုအခါ မြတ်စွာဘုရားသည် ယသသတိုးသားအား ကွယ်ထားသော တန်ခိုးကိုရပ်တံ့လိုက်သောအခါ သူဌေးကြီးသည် ယသအားတွေပြီး ချစ်သားယသ သင်၏မိခင်သည် စိုးရိမ်ပူဆွေး ငိုကြွေး၍နေလေ၏ သင့်ရဲ့မိခင်ကို သနားပါတော့ ချစ်သားယသ ။ 

သင့်၏သား ယသသည် သစ္စာတရားကို သင် မြင်ခဲ့သလို သူလည်းပဲမြင်ခဲ့ပြီးဖြစ်လေ၏ ထိုကြောင့် ယသသတိုးသားအား ကာမဂုဏ်စည်းစိမ်ချမ်သားတို့သည် မထိုက်တော့ပေ သူဌေးကြီး အော်ချစ်သားယသ သင်သည် လူအဖြစ်ကို အရတော်လေစွ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ယနေ့ ယသသတိုးသားနှင့်တကွ နောက်ပါရဟန်းများနှင်အတူ ကျွနိုပ်၏ဆွမ်းကို လက်ခံတော်မူပါလော့ဟု လျောက်ထားပြီး ထွက်ခွါသွားခဲ့လေ၏ ။ 

 ဖခင်သူဌေးကြီး ဖဲခွါသွားသောအခါ ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား ကျွနိုပ်အား ရဟန်းအဖြစ်ကို ပေးသနားတော်မူပါလော့ ဟု လျောက်တင်လေ၏ မြတ်စွာဘုရားရှင်သည် ချစ်သား ရဟန်း ငါ၏ရှေ့တွင်လာလော့ ဟုခေါ်လိုက်သောအခါ အပြစ်ကိုတွေ့၍ အနှစ်ကိုရှာနေသော ယသသတိုးသားသည် အနှစ်ကိုတွေ့ပြီး မြတ်သောရဟန်းအဖြစ်သို့ရောက်ရှိသွားခဲ့လေသည် ။………………………
 မေတ္တရဝေနွယ် …………………………………………….

Thursday, 23 May 2013

အာနန္ဒာရဲ့ တိက်တခိုးမျက်ရည်

ဝေသာလီပြည် စာပါလစေတီ၌ ဘုရားရှင်ကိုယ်တော်မြတ်သည် အာနန္ဒာ ဝေသလီပြည်သည် မွေ့လျော်ဖွယ်ရှိ၏ ဥဒေနစေတီစသည်တို့လည်းမွေ့လျော်ဖွယ်ရှိ၏ တစ်စုံတစ်ယောက်သောသူသည် ပြီးစီးခြင်း၏အခြေခံ ဣဒ္ဓိပါဒ် တရားလေးပါတို့ကို ကောင်းစွာအားထုတ်ထား၏ ထိုသူသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက်လွန်၍ဖြစ်စေ နေနိုင်၏ အာနန္ဒာ၊

ငါဘုရားသည်လည်းဣဒ္ဓိပါဒ်တရားလေးပါးကိုကောင်းစွာအားထုတ်ထားပြီးဖြစ်သောကြောင့် အလိုရှိလျှင် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက်လွန်၍ဖြစ်နေနိုင်၏ ဟု သုံးကြိမ်တိုင်တိုင်မိန့် တော်မူခဲ့သော်လည်း အရှင်အာနန္ဒာသည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ပဲ မာရ်နတ်နှောက်ယှက်ခြင်းကိုခံစားနေရရှာလေသည် ၊ အာနန္ဒာ ယခုအခါ သင်သွားရန်အချိန်တန်ပြီ သင်သွားလော့ အရှင်အာနန္ဒာသည် မနီးမဝေသောသစ်ပင်ရင်း၌ ထွက်ခွါသွားလေ၏ ။

မာရ်နတ်သည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ တစ်ခုသောနေရာ၌ရပ်ပြီး ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပါလော ယခုအခါ ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီး မာရ်နတ် သင် မကြောင့်ကြလင့် ငါဘုရား၏ ပရိဗ္ဗာန်ပြုခြင်းသည် မကြာမည်ဖြစ်လိမ့်မည် ဤနေမှစ၍ နောက် သုံးလလွန်သောအခါ ပရိဗ္ဗာန်ပြုလိမ့်မည်ဟု မိန့်တော်မူလိုက်၏ ။

 မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် စာပါလစေတီ၌ အာယုသင်္ခါရကို စွန့်လွတ်တော်မူ၏ ထို အသက်ရှည်ရန်ပြုပြင်မှု အာယုသင်္ခါရကို စွန့်လွတ်လိုက်သောအခါ ကြောက်မတ်ဖွယ်ရာ မြေငလျင် ကြီး လှုပ်လေ၏ နတ်တို့၏စည်တော်တို့သည်လည်း တခြမ့်ခြမ့်မြည်ကုန်၏ ။

 အာနန္ဒာ ယခုတဖန် ငါ့အား မာရ်နတ်သည် ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပြီးဟုလျောက်ထားပြန်၏ ငါဘုရားသည် ယနေ့မှစ၍ နောက်သုံးလလွန်မြောက်သောအခါ ပရိဗ္ဗာန်ပြုလိမ်မည်း မိန့်တော်မူပြီ ယခု စာပါလစေတီ၌ အသက်ရည်ရန် ပြုပြင်မှု အာယုသင်္ခါရကို ငါဘုရား စွန့်လွတ်လိုက်ပြီး အာနန္ဒာ ။

 ကောင်းသောစကားကိုဆိုတော်မူတက်သော မြတ်စွာဘုရား အာယုကပ်လုံးတည်တော်မူပါလောဟု သုံးကြိမ်းတိုင်တိုင် သနားစရာတောင်ပန်းလျောက်ထားသော်လည်းပဲ ဘုရားရှင်ကိုယ်တော်မြတ် သည် အာနန္ဒာ ငါဘုရား၏ဗောဓိဥာဏ်ကို ယုံကြည်ပါလျက် အဘယ်ကြောင့် ငါကို သုံးကြိမ်တိုင်တိုင် နှိပ်စက်ဘိသနည်း အာနန္ဒာ ။

 အသက်ရှည်ရန် ပြုပြင်မှုအာယုသင်္ခါရနှင့်ပတ်ပက်၍ သင်ကို ငါဘုရားထင်ရှားသောနိမိတ်အရောင် ကိုပြပါလျက် သင်သည် သဘောမပေါက်ခဲ့ချေ ထိုအခါက ဤကဲ့သို့သုံးကြိမ်တိုင်တိုင် တောင်ပန် ငြားအံ့ ငါသည်သင်၏ တောင်ပန်သောစကားကို နှစ်ကြိမ်သာ ငြင်းပယ်၍ သုံးကြိမ်းမြောက်မူကား လက်ခံရာ၏ ထိုအချိန်ခါက ဤကဲ့သို့မတောင်ပန်ခြင်းသည် သင်၏အပြစ်သာလျှင်ဖြစ်ချေ၏ သင် ၏ချို့ယွင်းချက်သာလျှင်ဖြစ်ချေ၏ ။

အာနန္ဒာ  ချစ်ခင်မြတ်နိုးရသူအားလုံးတို့နှင့် ရှင်လျက်နဲ့ကွဲကွာခြင်း ဘဝခြားလျက်ကွဲကွာရခြင်းဆိုတာကို ရှေ့ကပင် ငါဘုရားဟောကြားခဲ့ပြီး မဟုတ်ပါလော အရာအားလုံးတို့သည် ပျက်စီးခြင်းသ ဘောရှိလေ၏ ထိုအရာအားလုံးကို မပျက်စီးပါစေလင့် ဟု လိုလားတောင့်တချက်အတိုင် အဘယ်မှာ ရနိုင်အံ့နည်း ရနိုင်ရန် အကြောင်းတရားလည်းမရှိတော့ပေ အာနန္ဒာ ။

ငါသည် အသက်ရှည်ရန် ပြုပြင်မှု အာယုသင်္ခါရကိုလည်း စွန့်လွက်လိုက်ပြီး ယနေ့မှစ၍ နောက်သုံး လလွန်မြောက်သောအခါ ပရိနိဗ္ဗာန်ပြုလိမ့်မည်ဟု ဧကန်မုချ စကားကိုလည်းမိန့်ဆိုခဲ့ပြီးပြီ ငါဘုရား အား စွန့်ပယ်လိုက်ပြီးသော အသက်ရှည်ရန်ပြုပြင်မှုကို အသက်ရှည်စေလိုသောကြောင့် တဖန်ပြန်၍ ဖြစ်လာရန် အကြောင်းရာမရှိတော့ပေ အာနန္ဒာ ။

 မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် နံနက်မိုးသောက်အလင်းရောက်သော
 အခါ ဝေသာလီ ပြည်သို့ ဆွမ်းခံလှည့်လည်ပြီးလျှင် ဝေသာလီပြည်မှထွက်ခွါခဲ့လေသည် ဖဲခွါခဲ့ပြီးသော ဝေသာလီပြည် ကို နောက်ပြန်လှည့်၍ ကြည့်ရှုတော်မူလေ၏ ယခုဝေသာလီပြည်ကို ကြည့်ရှုတော်မူခြင်းသည် ငါဘုရား၏ နောက်ဆုံးကြည့်ရူခြင်းသာဖြစ်လေ၏ အာနန္ဒာ ။

ပါဝါပြည်သို့ရောက်ရှိပြီး ရွှေပန်းထိမ်သည်သား စုန္ဒကပ်လှူသော နူးညံ့သောဝက်သားဖြင့်ဆွမ်းကို ဘုန်းပေးတော်မူပြီးသောအခါ ဘုရားရှင်ကိုယ်တော်မြတ်အား သေလိုက်အောင်ပြင်းထန်သော ဝမ်းသွေးလွန်ရောဂါဝေဒနာဖြစ်ပေါ်လာ၏ ထိုဝေဒနာကို သတိနှင့်ဆင်ခြင်လျှက် ပန်ပင်းသည်ဟု မရေတွက်ပဲ သည့်ခံတော်မူလေ၏ အာနန္ဒာ လာ .. … ကုသိနာရုံပြည်သို့သွားကြစို့…………..

ကုသိနာရုံပြည် လမ်းခရီးဝယ် အာနန္ဒာ ငါဘုရားပင်ပန်းလှပြီ ထိုင်ဦးအံ့ ရေလည်းစာလွန်လှပြီး သောက်ရေကိုဆောင်ချေလော့ အရှင်ဘုရား ယခုပင် လှည်းအစီးငါးရာတို့သည် ဖြတ်ကူထားသော ကြောင့် ချောင်းရေသည် နောက်ကျုလျက် စီနေပါ၏ အရှေ့၌ ကကုဓာမြစ် မဝေးလှတော့ပါ ထိုမြစ်သည် ကြည်လင်ချိုမြိန်အေးမြသော ရေရှိသည်ဖြစ်၍ ထိုမြစ်ရေကိုသာ သောက်တော်မူပါလော့ ။

 ဤကဲ့သို့ သုံးကြိမ်းမြောက်မိန့်ဆိုသောအခါ အရှင်အာနန္ဒာသည် သပိတ်ကိုယူကာ ထွက်ခွါသွား လေ၏ လှည်းများဖြတ်ကူးထားပြီး နောက်ကျူးနေသောချောင်းရေသည် အရှင်အာနန္ဒာရောက်ရှိလာ သောအခါ ကြည်လင်သန့်ရှင်းလျှက်ရှိနေ၏သပိတ်ဖြင့်ရေကိုခပ်ယူကာ မြတ်စွာဘုရားထံယူဆောင်လာပြီးကပ်လေ
၏အာနန္ဒာ ကုသိနာရုံမြို့ဝင်ခါနီး မလ္လမင်းတို့၏ အင်ကြင်းတောကိုဆက်သွားကြစို့ ။

အင်ကြင်းပင်အစုံတို့ အကြား၌ မြောက်အရပ်သို့ ဦးခေါင်းပြုကာ ညောင်စောင်းကိုခင်းလော့ အာနန္ဒာ ထိုညောင်စောင်းထက်ဝယ် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် လက်ယာခြေပေါ်၌ လက်ဝဲ ခြေတော်ကိုတင်ထား၍ သတိနှင်ဆင်ခြင်လျက်လက်ယာနံတောင်းဖြင့် မြတ်သောလျောင်း
စက်ခြင်းကို ပြုတော်မူ၏ ။

အခါမဲ၌ အင်ကြင်းပင်တို့သည် ပင်လုံးကျွက်ပွင့်လျှက် မြတ်စွာဘုရား၏ကိုယ်တော်ထက်သို့ ပူဇော်သည့် အနေဖြင့် ကြဲဖြန့်ကုန်၏ ကောင်းကင်မှ မန္ဒာရဝမည်သော နတ်ပန်းတို့သည်လည်း ကျလာကုန် ၏ နတ်၌ဖြစ်သော စန္ဒကူနံ့သာမှုန့်တို့သည်လည်း ကောင်းကင်မှ ကျလာကုန်၏ နတ်တူရိယာတို့သည်လည်း မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် တီးမှုတ်လျက်ရှိကုန်၏ နတ်သီချင်းသံတို့သည် လည်း ကောင်းကင်၌ ဖြစ်ပေါ်လျက်ရှိကုန်၏

အရှင်အာနန္ဒာသည် ကျောင်းဆောင်အတွင်သို့ဝင်ပြီး တံခါးတိုင်ကိုမှီလျှက် ငါသည် ရဟန်းကိစ္စအားလုံးမပြီးမြောက်သေးသော သေက္ခပုဂ္ဂိုလ်မျှသာဖြစ်လေ၏ ငါ့အား ပြုဖွယ်ကိစ္စရှိသေး၏ ငါ ကို အစဉ်သနားတော်မူသော နောင်တော်ကြီး ဘုရားရှင်ကိုယ်တော်မြတ်သည် ယနေ့ညဥ့် သန်းခေါင်ယံအချိန်၌ ပရိနိဗ္ဗာန်ပြုတော့မည်ဟု ဝမ်းနည်းကြေကွဲ ပူဆွေးသောက ထိန်းမရတဲ့ မျက်ရည်စက် များနဲ့အတူ တိက်တိက်ကလေး ငိုကြွေးနေရှာ၏……………………

 အာနန္ဒာ တန်တော့ စိုးရိမ်ပူဆွေး မငိုကြွေးလင့် ဟု နှစ်သိမ့်တော်မူပြီး ချစ်သားတို့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိသောကြောင့် မမေ့သောသတိတရားဖြင့် ကောင်းစွာ အားထုတ်ပြီး နေရစ်ကြကုန်လော့ ဟု နောက်ဆုံးမှာကြားခဲ့ပြီး ကုသိနာရုံ မလ္လမင်းတို့၏ အင်ကြင်း တောဝယ် ညဥ့်သန်းခေါင်ယံအချိန်၌ ဘုရားရှင်ကိုယ်တော်မြတ်သည် ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့လေ၏………

*တလောကလုံး ဝမ်းနည်းကြေကွဲ ပူဆွေးသောက မျက်ရည်ကျပြီး ကျန်ရစ်ခဲ့ရှာပြီးပေါ့……………


* မြတ်နိုးတွယ်တာ ဘယ်ရာမဆို သေကွဲရှင်ကွဲ မလွဲသေခြာ တစ်ရက်မဟုတ် တနေ့ထို့မှာ ခွဲခွါရမည် ဓမ္မတာတည်း …………………..

 မေတ္တာရဝေနွယ် ………………………………….

Tuesday, 21 May 2013

ယသော်ဓရာ အလွမ်း


ဘုရားရှင်ကိုယ်တော်မြတ်သည် နောက်ပါအခြံရံ ရဟန်းများနှင့်တကွ  နန်းတော်သို့ဆွမ်းစားကြွလာ
သောအခါ နန်းသူနန်းသားများအားလုံး လာရောက်၍ဖူးမျော်ကြည်ညိုကြ၏ ထိုအထဲတွင် ယသော်ဓရာမင်းသမီး
မပါဝင်ချေ ။

ဘုရားရှင်ကိုယ်တော်မြတ် နန်းတော်ထက်သို့ရောက်သည်နှင့် ယသော်ဓရာမင်းအား အဆောင်မှထွက်၍ ပူဇော်ရန် တိုက်တွန်းကြလေ၏ သို့သော်လည်း ယသော်ဓရာမင်းသမီးသည် ငါ အတွက် သူ့အားသွားတွေ့ဖို့ရာမှန်ပါမည်လား၊ငါအားလိုအပ်တော့မည်မဟုတ်ပါ စောင့်ပြီးကြည့်နေတာပိုကောင်းမည် 
သူဒီးအဆောင်သို့ကြွလာမှသာလျှင် ထိုက်တန်းသော ရိုသေးမှုကိုပေး၍ ဂါရဝပြုတော့မည်ဟု ယုံကြည်စွာနဲ့ဆုံးဖြတ်ခဲ့ပြီး သူ့အဆောင်ထဲ့၌သာနေလေ၏ ။

သို့သော်လည်း သူမ၏စိတ်သည် နန်းသူနန်းသားများနှင့်အတူ ဘုရားရှင်၏ရှေ့မှောက်၌ ရောက်ရှိကာ တောထွက်သွားသည့် ညမှစ၍ လွမ်းရတဲ့ရက်ပေါင်း ဆွေးရတဲ့လပေါင်းတွေ ဖြစ်ခဲ့သမျှအရားအားလုံးကို ဖွင့်
ဟလျှောက်ထားပြီး အားရပါးရ ကန်တော့၍နေမိ၏ ။

ဘုရားရှင်ကိုယ်တော်မြတ်သည် ခမည်းတော်မင်းကြီးအား သပိတ်ပေးအပ်ပြီး အရှင်သာရိပုတ္တရာ နှင့်
အရှင်မောဂ္ဂလာန် လက်ဝဲလက်ရာခြံရံလျှက် ယသော်ဓရာရှိရာ ခန်းမဆောင်သို့ကြွတော်မူခဲ့၏ ဘုရားရှင်ကိုယ်တော်မြတ်၏ စိတ်သန္တာန်၌ ယသော်ဓရာနှင့်ပတ်သက်၍ စိတ်ထိခိုက်စရာ ကြေကွဲစရာ ဝမ်းနည်း
စရာ ခံးစားမှုတစ်ခုမှမရှိတော့ပါ ။

သို့သော်လည်း မိမိအပေါ် ယခင်ကပြုခဲ့ဖူးသောမေတ္တာတရားကို မေ့ပျောက်
ခြင်းငှာ ပြုတော်မမူချေ ယောင်္ကျားမြတ်တို့၏ စိတ်သန္တာန်၌ မေတ္တာနှင့်ယှဉ်လျှက် သနားကြင်နာတက်သော
ဂရုဏာစိတ်ရှိလေ၏ ။
ထို့ကြောင့် လင်ယောင်္ကျား အပယ်ခံမိန်းမတစ်ယောက်၏ ဝမ်းနည်းကြေကွဲခြင်း လွမ်းဆွေးတန်းတခြင်း အားငယ်တက်သောစိတ်ကို စာနာထောက်ထားသော စေတနာဖြင့် မိမိအပေါ် ထားရှိခဲ့
သော မေတ္တာဓါက်ကို ထိုထက် သာလွန်မြင့်မားသော မေတ္တာဓါက်ဖြင့် လက်ခံနိုင်တာ ယောင်္ကျားတို့မြတ်ဖြစ်လေသည် ။

အဲ့ဒီအတွက် အရှင့်တို့ ယသော်ဓရာမင်းသမီး ငါဘုရားရှင်အား သူကြိုက်နှစ်သက်သလို ဂါရဝပြုပါစေ ဘယ်သူမှ မတားမြစ်ကြကုန်လင့်ဟု မိန့်တော်မူလေပြီး ယသော်ဓရာခန်းမဆောင်သို့ဝင်တော်မူခဲ့၏ ခန်းမတစ်
ခုလုံး တိက်ဆိတ်ငြိမ်သက်နေ၏ ယသော်ဓရာသည် မြတ်စွာဘုရားမထိုင်ခင်မှာပင် ခြေချင်းဝတ်အားဆုပ်ကိုင်ပြီး ခြေတော်တွင်သူမ၏ ဦးခေါင်းတင်လျှက် ရက်ပေါင်းများစွာ လပေါင်းများ ရင်ထဲတွင်ခံစား၍ လာခဲ့သော ဝေဒနာ
များကို လျှောက်တင်လေသည် ။

မောင်တော်ဘုရား အ၀ါရောင်အဝတ်ကိုသာ ဝတ်ဆင်တယ်လို့ ကြားသိရသောအခါ တပြည့်တော်မလည်း ထိုအဝတ်မျိုးကိုသာ ဝတ်ဆင်ခဲ့ပါ၏ ၊ တစ်ရက်တွင် တစ်ကြိမ်သာဆွမ်းဘုန်းပေးတယ်လို့ ကြားသိရသောအခါ တပြည့်တော်မလည်း တစ်ရက်တွင် တစ်ကြိမ်သာ ထမင်းစားပါခဲ့၏ ၊ မြတ်သောအိပ်ရာခုတင်တို့ကို စွန့်လွတ်ခဲ့တယ်လို့ ကြားသိရသောအခါ တပြည့်တော်မလည်း စွန့်လွတ်ခဲ့ပါ၏ဟု လျှောက်တင်သည့်စကားလုံးတိုင်းမှာ မျက်ရည်စက်များသည် ယသော်ဓရာ၏ မျက်ဝန်းအိမ်မှ ကျဆင်း၍လာလေသည် ထိုမျက်ရည်စက်များဟာ ဖြူစင်ပြည့်ဖြိုးသည့် ဘုရားရှင်ကိုယ်တော်မြတ်၏ ခြေဖမိုးတော်ဝယ် မဆည်းနိုင်မတန့်နိုင် ဖြိုင်းဖြိုင်းကျဆင်း၍ လာတော့သည် အားရပါးရသာ ငိုလိုက်ပါတော့ယသော်ဓရာ ……………….
အချစ်ဆိုတဲ့ အမြစ်တွေ တွယ်တာနေသမျှတော့ နှောင်ဖြစ်လေရာ ဘဝတိုင်းမှာ ဆက်၍ဆက်၍ ငိုရဦးမည်……



                                                        
                                                       ရွှင်လန်းချမ်းမြေ့ပါစေ  မေတ္တာရဝေနွယ်…................ 


Sunday, 19 May 2013

ဆုံးမလိုလျှင် ကိုယ်တိုင်ပြင်

သူတစ်ပါးကို ဆုံးမလိုသောပုဂ္ဂိုလ်သည် အရင်ဆုံး မိမိကိုယ်ကို ယဉ်ကျေးအောင်ဆုံးမရာ၏ ၊
 မိမိကိုယ်ကို ယဉ်ကျေးအောင်ဆုံးမရခြင်းသည် အလွန်ခဲရင်း၏ ၊ ထို့ကြောင့် မိမိကိုယ်တိုင်
ယဉ်ကျေးပြီးမှသာလျှင် သူတစ်ပါးကိုဆုံးမရာ၏ ။

Saturday, 18 May 2013

ကြိုဆိုနေမယ် ခရီးသည်

အချိန်ကြာမြင့်စွာ အမိနိုင်ငံမှ တခြားသောနိုင်ငံသို့ထွက်ခွါသွားပြီး အမိနိုင်ငံသို့ချမ်းသာစွာ
ပြန်လည်ရောက်ရှိလာသောသူအား ဆွေမျိုးမိဘများသည် အားရဝမ်းသာ ကြိုဆိုသကဲ့သို့ ....
ကုသိုလ်ကောင်းမူပြုလုပ်ပြီး ယခုပစ္စုပ္ပန်ဘဝမှ တမလွန်ဘဝသို့သွားသောသူအား ပြန်လည်
ရရှိလာသောပစ္စုပ္ပန်ဘဝ၌ မိမိပြုခဲ့ဖူးသောကောင်းမှုကုသိုလ်တို့သည် အားရဝမ်းသာ ကြိုဆိုကုန်၏ ။

                                                          မေတ္တာရဝေနွယ်....................

Thursday, 16 May 2013

အလှ နဲ့ ဘဝ

အလှအတွက် မှန်ကြည့်ပြီး မျက်နှာကို ပြုပြင်ကြသလို.........
ဘဝအတွက်လည်း ပညာရှိကိုကြည့်ပြီး စိတ်ကို ပြုပြင်ကြပါ ။

                                            မေတ္တာရဝေနွယ်....................


Wednesday, 15 May 2013

အရိပ်ပမာ စိတ်စေတနာ

မကောင်းသောစိတ်ထားဖြင့် သူတစ်ပါးကို ပြောဆိုခြင်း စေခိုင်းခြင်း  ကြံစည်ခြင်း
တို့သည်လှည်းဘီးသည်ဝန်ဆောင်နွား၏ ခြေရာသို့အစဉ်လိုက်သလို မိမိ၏နောက်ဝယ်
ဆင်းရဲခြင်းသည်အစဉ်လိုက်လေ၏ ။...................

သန့်ရှင်းကြည်လင်ရိုးသားသောစိတ်ဖြင့် သူတစ်ပါးကို ပြောဆိုခြင်း ကူညီပေးခြင်း အကြံဉာဏ်ပေးခြင်းတို့သည် မိမိနောက်ဝယ် အရိပ်သည်ကပ်လျှက်အစဉ်လိုက်သလို
ချမ်းသာခြင်းတို့သည်အစဉ်လိုက်လေကုန်၏ ။......................

                                                             မေတ္တာရဝေနွယ်..............................

Tuesday, 14 May 2013

ဗာရာဏသီ အလွမ်း

အိန္ဒိယနိုင်ငံ ဗာရာသီမြို့ကြီးသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်ရှိခဲ့သောမြို့
တစ်မြို့ဖြစ်ပါသည် မိဂဒါဝုန်ဘေးမဲ့တောကြီးထဲမှာမြတ်ဗုဒ္ဓဦးစွာပထမပဉ္စ၀ဂ္ဂီ(၅)ဦးကို
တရားဦးဟောကြားခဲ့သောနေရာလည်းဖြစ်သည့်အတွက်လူသိများကြမယ်လို့စာရေး
သူထင်ပါတယ်၊

ယခုချိန်ထိ ဓမ္မေခစေတီတြော်မတ်ကြီးနှင့် မိဂဒါဝုန်ဘေးမဲ့တောကြီးထင်ရှားလျှက်ရှိနေ
ပါသေးသည် မကြာခဏဆိုသလိုမြန်မာဘရားဖူးဧည့်သည်များလာရောက်ဖူးမျော်ကြည်
ညိုလျှက်ရှိသည်၊

အဲ့ဒီမိဂဒါဝုန်ဘေးမဲ့တောကြီးကနေ အလှမ်းမဝေးတဲ့နေရာလေးမှာ  စာရေးသူတို့

သူငယ်ချင်းတတွေနေထိုင်သော အဆောင်ကလေးတည်ရှိသည် အဒ်ီဆောင်
ကလေးရဲ့ရှေမှာ စိမ်းလန်းစိုပြေနေတဲ့ သရက်ပင်ကြီးတစ်ပင်နှင့် စာရေးသူတို့စိုက်ပျိုး
ထားသောစိုက်ခင်းလေးတွေလည်းရှိပါသေးတယ။်

ပူပြင်းတဲ့ နေလယ်ခင်အချိန်မှာ အုပ်မှိုင်းဝေစာနေတဲ့ သရက်ပင်ကြီးရဲ့အောက် ပျော်ပျော်
ရွှင်ရွှင်နဲ့သူငယ်ချင်းအားလုံး စာတွေဖတ်ကြ စာတွေသင်ကြနဲ့ပေါ့ သရက်သီးတွေသီးတဲ့
အချိန်မှာဆို သရက်သီးတွေခူးစားရင်း စာတွေကျက်ကြတယ် တနေ့မှာအိမ်ပိုင်ရှင်လာပြီခူး
သွားတာတောင် သရက်ပင်ကြီးရဲ့အသီးတွေဟာ မကုန်နိုင်မခမ်းနိုင်ပဲ စာရေးသူတို့နှင့်
အတူ ပျော်ရွှင်နေဆဲပါ၊

အဲ့ဒီလိုသရက်ပင်ကြီးနဲ့ ပျော်ရွှင်စရာကြည်နိုးစရာအချိန်တွေ တရွေ့ရွေ့နဲ့နေ့ရက်နာရီ
အလိုက် ပထမနှစ်တက္ကသိုလ်စာမေးပွဲကြီး အောင်မြင်စွာပြီးဆုံးသွားသည့်တိုင်အောင် ရှိ
နေလျှက်ပါ ………………

.စာရေးသူတို့သူငယ်ချင်းတွေ စာမေးပွဲကြီး ပြီးမြောက်အောင်မြင်သွားတဲအချိန်မှာ အမိ
မြန်မာပြည်ကို တချို့သူငယ်ချင်းများပြန်ကြလေသည် မပြန်ကြတဲ့သူငယ်ချင်းတွေကတော့
ဟော့ဒီသရက်ပင်ကြီးရှိတဲ့ အဆောင်လေးမှာ ပျော်ရွှင်စွာနေထိုင်ရင်း ကျန်ရစ်ခဲ့ရှာတယ်


ဒါပေမဲ့ နှစ်သစ်ကူးတဲ့နွေရာသီဦးမှာ နေကလည်းပူ လေဟာလည်းမတိုက် သစ်ရွက်တွေ

ကကြွေ သူငယ်ချင်းတွေလည်းမရှိ ပျင်းပျင်းရိရိနဲ့ ရင်ထဲမှာအမည်မသိတဲ့ အလွမ်းများစွာနဲ့ 
ရက်ပေါင်း(၃၀)ကျော်နေခဲ့ပြီးတဲ့နောက်မှာတော့ စာမေးပွဲအောင်စာရင်းတွေထွက်ပြီး 
သူငယ်ချင်းအားလုံး အကျမရှိ ရလက်ကောင်းမွန်စွာနဲ့ အောင်မြင်နိုင်ခဲ့သည်  ။

စာရေးသူတို့နောက်ဆုံးနှစ်မတက်မှီ ရက်ပိုင်းအလိုမှာ အဆောင်ကိုကျောင်းသားအသစ်
များရောက်ရှိလာတော့ အားရဝမ်းသာဂုဏ်ယူစွာနဲ့ စီးကြိုခဲ့သည် အဲ့ဒီအဆောင်လေးဟာ 
ဆက်လက်ပြီးတော့ ညီညွတ်ခြင်းများစွာနဲ့ ပျော်ရွှင်နေဆဲပါ ။

နောက်…သိပ်မကြာမည်တစ်နေ့သောအခါမှာ မတိုက်ဆိုင်တဲ့ စိတ်သဘောထားကွဲလွဲမှု
လေးတွေကြောင့် ညီညွတ်ပြီးပျော်ရွင်နေတဲ့ သူငယ်ချင်းတွေဟာ နှစ်ဖွဲ့ကွဲသွားသည်အထိ
ရောက်ရှိသွားကြတယ် ။


စာရေးသူတို့အဆောင်ရှေ့ကသရက်ပင်ကြီးဟာလည်း  အရင်နှစ်ကဆို စိမ်းလန်းစိုပြေပြီး
အသီးတွေနဲ့ပြည့်လို့ အဲ့ဒီနှစ်မှာတော့ ရွက်ဟောင်ခြွေပြီး ရွက်သစ်တောင်အပြည့်ဝ
မဝေစာနိုင်တော့ဘူး ပင်စည်တခြမ်းကခြောက်ကပ်ပြီး သူအလိုလိုတခြမ်းလုံးဝ
သေဆုံးသွားရှာတယ်၊

အဲ့ဒီလို့ သရက်ပင်ကြီးကလည်းတခြမ်းသေ သူငယ်ချင်းတွေလည်းတခြမ်းစီကွဲပြီး  နေထိုင်
လာခဲ့တဲ့အချိန်တွေမှာတော့ အပြည့်ဝမပျော်ရွှင်ခဲ့ပေမဲ့ စိတ်တော့မညစ်ခဲ့ပါ စာဖတ်စာကျက်
ပြုလုပ်တဲ့အခါတိုင်းမှာတော့ စိတ်သဘောထားတိုက်ဆိုင်တဲ့သူငယ်ချင်းတွေစုပြီး အခန်း
တစ်ခုထဲမှာပဲအတူစာဖတ်ဖြစ်ကြတယ် 


တစ်နေ့မှာတော့ သူငယ်ချင်းတစ်ယောက်က သရက်ပင်ကြီးကိုကြည့်ပြီးပြောလိုက်တယ်
သူငယ်ချင်းတို့ရေ ဟိုးအရင်တုန်းကဆိုရင် ဟော့ဒီသရက်ပင်ကြီးအောက်မှာ
သူငယ်ချင်းတွေအားလုံး စာတွေဖတ်ကြ စာတွေတက်ကြနဲ့ ပျော်ရွှင်ကြည်နူးစရာအ
လွန်ကောင်းတယ် အခုတော့ သရက်ပင်ကြီးဟာ တခြမ်းကသေပြီ တခြမ်းက
မစိမ်းလန်းမစိုပြေနိုင်တဲ့ သရက်ရွက်လေးတွေ အနည်းခြင်းနဲ့ပဲ ရှင်သန်နေရှာတယ်

 သရက်ပင်ကြီးလည်း ထို့လိုပါပဲလား ။

အဲ့ဒီလိုနဲ့ ရက်တွေကုန်လွန်ပြီး နောက်ဆုံးနှစ်စာမေးပွဲကြီးတောင်ဖြေဆိုရတော့မယ် သူ
ငယ်ချင်းအားလုံး စာမေးပွဲကြီးကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့ပြီး အောင်မြင်မှုရလက်တွေနဲ့အတူ
အမိမြန်မာပြည်သို့ပြန်ဖို့ရန် ကျန်ရစ်သူငယ်ချင်းများအာနုတ်ဆက်ပြီးတော အဆောင်ရှေ့က
သရက်ပင်ကြီးငေးကြည်ရင်း ရင်ထဲမှာ ဝမ်းနည်းရမှာလို ဝမ်းသာရမှာလိုအဖြစ်မျိုးနဲ့  အမိမြန်
မာပြည်ကို ထွက်ခွါသွားခဲ့ကြလေသည် ။

စာရေးသူတို့အမိမြန်မာပြည့်သို့ပြန်ရောက်ရှိနေသောအချိန်ခါမှာ အရင်နှစ်တွေလိုပဲ
ကျောင်းသားသစ်များ သရင်ပင်ကြီးရှိရာ အဆောင်လေးဆီသို့ ရောက်ရှိ၍လာပြန်သည်
အဒီနှစ်ဦးအစကိုတော့ စာရေးသူတို့မသိခဲ့ပါ ၊မြန်မာပြည်မှာ(၆)လကြာပြီးနောက်အိန္ဒိယနိုင်ငံ
ဗာရာဏသီမြို့ကြီးသို့ခေတ္တပြန်လည်ရောက်ရှိခဲ့လေသည်။

ရောက်တဲ့နေမှာတော့ တက္ကသိုလ်သူငယ်ချင်းတစ်ယောက်၏အခန်းထဲမှာ တစ်ညအိပ်ခဲ့ပြီး
နောက်တစ်နေ့ နံနက်စောစော မိမိတို့နေထိုင်ခဲ့သောသရက်ပင်ကြီးရှိရာအဆောင်
လေးဆီသို့ သူငယ်တစ်ယောက်နဲ့အတူ သွားခဲ့ကြလေသည် အဆောင်ထဲသို့မ၀င်မှီ ခြံဝက
နေ သရက်ပင်ကြီးကိုလှမ်းပြီးကြည့်လိုက်တော့ သရက်ပင်ကြီးဟာ ပင်စည်တခုလုံးခြောက်
ကပ်ပြီး အောက်မှာလည်း သစ်ရွက်ခြောက်တွေကပုံလို့ သေဆုံးနေတာကိုတွေလိုက်ရတယ်။

အဆောင်ထဲသို့ရောက်တော့သူငယ်ချင်းတစ်ယောက်ကလှမ်းခေါ်လိုက်သေးတယ်ပထမ
တစ်ခါတော့မကြားလိုက်ပါ အတွေများနဲ့လျောက်လာသောကြောင့်ဒုတိယတစ်ခါပြန်ခေါ်
လိုက်မှ ငါကိုခေါ်နေတာပါလားလို့သိလိုက်ရတယ် လာလေကွာသူငယ်ချင်းဘာလုပ်နေတာ
လဲ အခုမှရောက်တာလား အေးဟုတ်တယ် ဒါဆိုလာလေကွာ အပေါ်တက်လာခဲ့ ကော်
ဖီသောက်ရင်း စကားပြောရအောင် အပေါ်တက်သွားပြီးအခန်းထဲသို့ရောက်တော့သူနဲ့စကား
တွေအများကြီးပြောရင်း စာရေးသူ  သူငယ်ချင်းကိုမေးလိုက်တယ် ။

ဒီသရက်ပင်က တကယ်သေသွားပြီနော် ဟုတ်တယ်သူငယ်ချင်း ဒီသရက်ကြီးလည်းသေ
ကျောင်းသားတွေကလည်း အရင်တုန်းကလို့ပျော်ပျော်ရွှင်ရွှင်နဲ့ အတူသွားအတူစား မဟုတ်
ကြတော့ဘူးတစ်ယောက်ချင်းဆီဖြစ်သွားကြပြီး ဒီသရက်ပင်ကြီးသေဆုံးသွားသလိုငါတို့ရဲ့
ပျော်ရွှင်မှုတွေ ညီညွတ်ခြင်းသဘောတရားတွေဟာလည်း သရက်ပင်ကြီးနှင့်အတူသေဆုံး
ပျောက်ကွယ်သွားခဲ့လေပြီ ။

တကယ်တော့…ဟော့ဒီသရက်ပင်ကြီးဟာ ငါတို့ကျောင်းသားတွေရဲ့ ပြယုဂ်အဖြစ်ညီညွတ်မှုတွေ
ကွဲလွဲမှုတွေကို သက်သေထားရာ ကဗ္ဗည်းမှတ်ကျောက်ထိုးပြီး ရာဇ၀င်တွင်ခဲ့တဲ့ သရက်ပင်ကြီး
အဖြစ် ယနေ့တဲ့ထိတိုင် သရက်ပင်ကြီးကတည်ရှိနေလေရဲ့….
 
နောက်တစ်နေ့ည(၇)နာရီအချိန်မှာစာရေးသူတို့  သူငယ်ချင်းအားလုံးကို နုတ်ဆက်ခဲ့ပြီး
ဗာရာဏသီမြို့ကြီးမှ အေးချမ်းတဲ့  ဗုဒ္ဓဘာသာအများစုနေထိုင်ရာ အိန္ဒိယနိုင်ငံနာဂပူမြို့လေးရှိရာ
ဆီသို့ ထွက်ခွါခဲ့ကြလေသည်…….............................။

ဒီနေရာမှာသံဝေဂ လင်္ကာလေးကို သွားအမှတ်ရမိတယ်.....

တင့်တယ်လှပ ပန်းအလှလည်း ကြွေကျနောက်ဆုံး ခန္ဓာပြုန်း၏
ရောင်ဝါထိန်လင်း ရှင်နေမင်းလည်း မှောင်ခြင်းနောက်ဆုံး ခန္ဓာပြုန်း၏

              ရွှင်လန်းချမ်းမြေ့ပါစေ……မေတ္တာရဝေနွယ်
Related Posts Plugin for WordPress, Blogger...