Pages

Subscribe:

Ads 468x60px

ကျွန်ုပ်၏ မိဘနှစ်ပါး၊ ဆရာသမားများအားလုံး၊ ဆွေမျိုး ညာတိကာ မိတ်ဆွေများအားလုံး၊ တရားကျင့်ဖေါ်များ အားလုံး...ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊

Monday, 29 April 2013

ပင်လယ်ခရီး လမ်း

 
ညိုမှောင်မှောင်
ပင်လယ်ခရီးရယ်က
လှေစီးလို့လာပါမယ်
လှိုင်းထန်ဝယ်
လေပြင်းပါက
သေခရီးနဲ့ 
ရင်ဆိုင်ဖွယ်
ရွတ်တက်အစုံ
ပါပါသော်လည်း
ဘယ်တက်က
ဘယ်ဟာမသိ
ဤနေရာ 
ဤခရီးမှာဖြင့်
လှေစီးရင်ပေါ့
ဘယ်လိုလှော်
ဘယ်လိုပဲ့ရယ်နဲ့
ဒီလိုလှော်
ဒီလိုပဲ့ရယ်ဟု
ဆရာနည်းမှ
မပါရင်ကွယ်
သေနိုင်တယ် ဒီလမ်း………………………..

                      ပညာသင်ယူနေသော လူငယ်များအတွက်ပါ..........  မေတ္တာရဝေနွယ်

တုနှိုင်းမဲ့မေတ္တာ

မွေးကင်းခါစ  ငှက်ကလေးဘ၀ဟာ
နုနယ်လှ၍  အစာကျွေးမရ
အမေ့ရင်ခွင့်ဝသို့  ခိုလှုံရပြီး
အသက်ရှင်ခဲ့ရတဲ့  သားငှက်ကလေးပါ...အမေ
ရင့်ရင့်မာမာ   ကြီးထွားလာတဲ့
အချိန်ခါမှာလည်း  သားမောင်ငှက်ကလေး
ပါးစပ်ဝလေးသို့  အစာတွေအန်ပေး
တယုတယလေးနဲ့  ကျွေးခဲဖူးသော...အမေ
အချိန်တန်လို့  အတောင်စုံပြန်တော့လည်း
အတောင်နှစ်ဖက်ကို ဆန့်တန်း
ပျံသန်းပုံနည်းလမ်းတွေပါ  သင်ပြပေးသော...အမေ
အမေသင်ပြ  ပျံသင်စဘ၀နဲ့
တစ်ပင်ကိုခိုနား  တနယ်စီသွားပြီး
လောကကိုရင်ဆိုင်  ဘ၀ကိုရုန်းကန်နေရပေမဲ့
အမေမရှိတဲ့ဒေသမှာ  နေမရှိတဲ့ကမ္ဘာလို့
သားအတွက် ………….
အဘယ်မှာလင်းလက်နိုင်ပါ့မလဲ...အမေ
မြင့်မိုရ်တောင်နဲ့ အဆက်သွယ်ပြတ်နေတဲ့
ရင်ခွင့်မဲ့သားငှက်ဘ၀ဟာ
အမေပါဆယ်ထည့်ပေးလိုက်တဲ့
ရင်ငွေ့ကလေးနဲ့ အသက်ရှင်လျှက်ပါ အမေ
မြင့်မိုရ်မက ကြီးမားလှတဲ့
အမေရဲ့ ကျေးဇူးတရားတွေကို
ဆက်ခွင့်ရဖို့အတွက်
နေမညိုခင် အချိန်ခါမှာ
တောင်အစွယ် နေမကွယ်ပါစေနဲ့လို့
သားဆုတောင်းလျှက်ပါ  ………………အမေ
ရင်တွင်းဖြစ်ခံစားချက်များတင်ဆက်ပေးလိုက်ပါသည် ……………….
                                         မေတ္တာရဝေနွယ်…………….

Saturday, 27 April 2013

A SHIN KHEMINDA

 
ဘလော့မိတ်ဆွေ သူငယ်ချင်းအားလုံးကို ထာဝရကြိုဆိုလျှက်ပါ...........မေတ္တာ ရဝေနွယ်
Related Posts Plugin for WordPress, Blogger...