Pages

Subscribe:

Ads 468x60px

ကျွန်ုပ်၏ မိဘနှစ်ပါး၊ ဆရာသမားများအားလုံး၊ ဆွေမျိုး ညာတိကာ မိတ်ဆွေများအားလုံး၊ တရားကျင့်ဖေါ်များ အားလုံး...ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊





မေတ္တာရဝေနွယ်Free Pictures

Featured Posts

Saturday, 17 January 2015

Monday, 16 December 2013

သတိလက်ဆောင်

ငါ့အသက်လေး 
ငယ်ပါသေး၍ 
မသေသေးပါ 
တွေးတောကာဖြင့် 
ဒါနမပြု 
သီလမစောင့် 
ဘာဝနာမပါ 
ကိုယ့်ခန္ဓာ 
သေသော်သင်သိမည်.....

Sunday, 15 December 2013

သံသရာခရီးလမ်း

လမ်းပျောက်လျှင် သံသရာမဆုံးနိုင် ၊
လမ်းကောက်လျှင် သံသရာရှည်မည် ၊
လမ်းဖြောင့်လျှင် သံသရာတိုမည် ၊
ဤခရီး နည်းသလော...ဝေးသလော........

Friday, 5 July 2013

* ထာဝရလက်ဆောင် *


ကြည့်၍မဝ
ထာဝရ
ရှုတိုင်းလှတာ
ဒါန .............

ရှူတိုင်းမဝ
ထာဝရ
မွှေးမြတာက
သီလ ..........

ပူပန်သောက
ထာဝရ
အေးချမ်းလှတာ
ဘာဝနာ ........

ဤသုံးထွေ
စိတ်မှာမွေး
ဗုဒ္ဓဘာသာတို့
သောက်တဲ့ဆေး .........

Tuesday, 25 June 2013

လျောက်သောလမ်း မမှားစေနဲ့


ကိုယ်တည်းတစ်ယောက် ကောင်းစားဖို့အတွက် အခွင့်ရေးရပါလျှက် 

လက်မခံခဲ့ပဲ လောကကြီးထဲက သတ္တဝါအပေါင်းကို မိမိနှင့်ထက်တူ
ထက်မျှ ကောင်းစားဖို့အတွက် သုမေဓာရှင်ရသေ့ဘဝမှစ၍ လေးအသင်္ချေနဲ့ 
ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ခဲ့ပြီး ဘုရားအဖြစ်သို့ရောက်ရှိသောအခါ မိမိသိမြင်ထားသောတရားဓမ္မတို့သည် နက်နဲခက်ခဲ သိမြင်နိုင်ခဲ၏

ပညာရှိတို့သည်သာ သိနိုင်ရာဖြစ်လေ၏ ယခု သတ္တဝါအားလုံးတို့သည် 

အလွန်ပညာနည်းကုန်၏ ငါသိမြင်ထားသော တရားတို့နှင့် မထိုက်တန်ပေ 
ငါပင်ပန်းယုံသာဖြစ်လိမ့်မည်ဟု ဘုရားရှင်၏ စိတ်နှလုံးတော်၌
ဖြစ်တော်မူ၍ တရားဓမ္မများကို မဟောပြရန် အကြံဖြစ်ပေါ်၍လာ၏

သဟမ္ပတိဗြဟ္မာသည် မြတ်ဗုဒ္ဓ တရားမဟောရန်အကြံဖြစ်ပေါ်လာခြင်းကို 

သိတော်မူ၍ အချင်းတို့ လောကကြီးပျက်စီးတော့မည် ဆိုလျှက် ပူဇော်အထူးကို ခံတော်မူထိုက်သောမြတ်စွာဘုရားအား တရားဟောဖို့ရန် လက်အုပ်ချီဒူးထောက် ရှိခိုးတောင်းပန်ခဲ့သောကြောင့် တရားဓမ္မများကိုဟောပြခဲ့ရာ

ဗာရာဏသီမြို့အနီ မိဂဒါဝုန်သားမျိုးစုံတဲ့ ဘေးမဲ့တောမှာ

ဦးစွာပထမ ပဉ္စဝဂ္ဂီ ၅ ဦးတရားထူးများကို သိမြင့်ခဲ့ပြီ
ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါး စတင်ပေါ်လာပြီး 
ဆက်လျက် ဗုဒ္ဓ၏လျောက်လှမ်းရာလမ်းကို လိုက်ပါခဲ့သော ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်များစွာ ပေါ်ထွန်းလာခဲ့သည်

လူမိုက်တို့သွားရာလမ်းကို လျောက်လှမ်းနေသာ မှားသောအယူရှိသော 

မိစ္ဆာဒိဋ္ဌိများသည် ဗုဒ္ဓ၏ဘာသာ သာသနာကို ကွယ်ပျောက်ရန် 
အမျိုးမျိုးပျက်ခဲ့သော်လည်းပဲ မြတ်ဗုဒ္ဓသည် မိမိ၏ဘာသာ သာသနာကို မကွယ်ပျောက်အောင်ထိန်းသိမ်းစောင့်ရှောက်ခဲ့၏

 မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ဝင်စံခဲ့ပြီးနောက်လည်း ဘုရားသားတော်ဖြစ်တဲ့ 
ရဟန်းသံဃာများသည် ယနေ့ခေတ်တိုင်အောင် ဆက်လက်ထိန်း
သိမ်းစောင့်ရှောက်နိုင်ခဲ့လေ၏

အဲ့ဒီလို ဗုဒ္ဓဘာသာ သာသနာကိုစောင့်ရှောက်လာခဲ့သော ရဟန်းသံဃာများ၏ 

အဆုံးအမစကားကို ရန်သူလိုမျိုးပြောနေကြသော ဗုဒ္ဓဘာသာဝင်တချို့သော 
ပုဂ္ဂိုလ်များ၏ စကားသံများကို စာရေးသူတို့ကြားနေရပါတယ် သာယာနာပျော်
ဖွယ်မရှိလှပါ

အသိဉာဏ်နည်းလေစွ အဲ့ဒီလိုမျိုးပုဂ္ဂိုလ်တွေကြောင့် ဘုရားရှင်ကိုယ်တော်မြတ် ဘုရားအဖြစ်သို့ရောက်ရှိသောအခါ မိမိသိထားပြီးသောတရားဓမ္မများကို
မဟောရန် ဘုရားရှင်၏စိတ်နှလုံးတော်၌ အကြံဖြစ်ပေါ်လာခြင်းဖြစ်ပါလိမ့်မည် ။

ယခု မိမိတို့လျောက်လှမ်းမည့်လမ်းဟာ
မြတ်ဗုဒ္ဓလျောက်လှမ်းခဲ့ရာလမ်းကိ
လျောက်လှမ်းကြမည်လော့
လူမိုက်တို့သွားရာလမ်းကို
လျောက်လှမ်းကြမည်လော့
ဗုဒ္ဓဘာသာကို စောင့်ရှောက်မည်လော့
ဗုဒ္ဓဘာသာကို ပျက်စီးမည်လော့
လူမိုက်တို့ကို အားပေးမည်လော့
လူမိုက်တို့ကို ရှောင်ကြဉ်မည်လော့

ကိုယ်တိုင်စဉ်းစားကြပါ ဦးစွာပထမ သတိပေးပါရစေ လျောက်သောလမ်း မမှားစေပါနဲ့.........။

* မသက်မိစေနဲ့ မိမိကိုယ်ကို *

                
ပညာမဲ့သောသူသည် ယုတ်မာသော မိစ္ဆာအယူကို အမှီပြု၍
ပူဇော်အထူးကို ခံထိုက်ကုန်သော တရားဓမ္မဖြင့်နေကုန်သော
အရိယပုဂ္ဂိုလ်တို့ အဆုံးအမကို တားမြစ်၏ ၊
ဝါးသီးတို့သည် ဝါးပင်ကိုသက်ရန် အလို့ငှာ သီးကုန်သကဲ့သို့
ထိုပုဂ္ဂိုလ်၏ မိစ္ဆာအယူသည် မိမိကိုယ်ကို သက်ရန်အလို့ငှာ ဖြစ်၏...။

           ဘယ်သောအခါမှ  မသက်မိပါစေနဲ့
မိမိကိုယ်ကို ...............

                                                ( Dhammapada-pali )

Thursday, 13 June 2013

ထေရဝါဒ ဒို့တိုင်းပြည်



လူမျိုးဘာသာ ထို့သာသာနာကို ဘယ်တော့မှ မကွယ်ပျောက်အောင်

ဦးစွာပထမ ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ ရဟန်းတော်များ ပေါ့ပေါ့

နေ ပေါ့ပေါ့စားမလုပ်ပါနဲ့ မိမိတက်သိထားသော ဗုဒ္ဓမြတ်စွာ၏ အဆုံး

မများကို မသိနားမလည်သေးသော လူပုဂ္ဂိုလ်များအား တဖန်ပြန်

လည်ပို့ချသင်ကြားပေးရမည်



လက်ဦးဆရာဖြစ်တဲ့ မိဘများ အနည်းဆုံး ဘာသာရေအတွက် ဗုဒ္ဓဝင်
စာပေးများနှင့် လူမျိုးရေးအတွက် မိမိနိုင်ငံ၏ အာဇာနည်ခေါင်းဆောင်း

များ သမိုင်းကို ကောင်းမွန်စွာသိထားရမည် မိမိသိထားသော အဲ့ဒီအ

ကြောင်းရာများကို ကလေးငယ်များနားလည်အောင် ပုံပြင်အဖြစ် မိမိ၏

သားသမီးများအား အိပ်ရာဝင်အချိန်သော်၎င်း အားနေသောအခါသော်

  ပြောပြပေးရမည်



ကလေးဆိုတာ ငယ်ငယ်ကသိထားသောအကြောင်းရာများကို စွဲစွဲမြဲ

မြဲမှတ်ထားတက်၏ ဘယ်သောအခါမှမမေ့ပေ  အဲ့ဒါမှ ကလေးငယ်

များ ငယ်ငယ်ကတည့်က ဘာသာရေးအသိဉာဏ်များ နှင့် လူမျိုးရေး

အသိစိတ်ဓါက်များ ဝင်လာပြီး မိမိရဲ့ လူမျိုးဘာသာ သာသနာကို

ဘယ်တော့မှ မကွယ်ပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့

သားကောင်းရတနာ သမီးကောင်းရတနာတွေ ပေါ်ထွန်းလာမည်ဖြစ်သည်



စာရေးသူတို့ငယ်ငယ်က စာသင်ကျောင်းတော်ကြီးများဖွင့်လှစ်ချိန်တွင်

လူမျိုးရေးအတွက် ပညာရေး စီးပွားရေး လူမှုရေး အသိဥာဏ်များသင်

းကြားခဲ့ပြီး နွေကျောင်းပိတ်ချိန်တွင် ဘာသာရေးအတွက် ဗုဒ္ဓဘာသာယဉ်

ကျေးမူသင်တန်းများတက်ခဲ့ရသည် ယခုခေတ် အဒါတွေအတော်လေး

နည်းပါးသွားပြီး ပျောက်ကွယ်သလောက်ဖြစ်နေခဲ့သည်  ဘုန်းတော်ကြီး

ကျောင်းတွေ၌ဗုဒ္ဓဘာသာယဉ်ကျေးမူသင်တန်များ ပို့ချသော်လည်းပဲ

ယခုခေတ် ကလေးငယ်များလာရောက်၍ မတက်တော့ပါ ကျူရှင်နဲ့သာ

အချိန်ကုန်နေ၏



 အဲ့ဒါ မိဘများ၏ ချိုယွင်းချက်ကြောင့် ကလေးငယ်များ ဘာသာရေ

အသိဥာဏ်တွေနည်းပါးသွားပြီ မိဘများက ဗုဒ္ဓဘာသာကိုးကွယ်လို့

သာ မိမိကိုယ်ကို ဗုဒ္ဓဘာသာဟု အမည်တက်ပြီးနေကြလေ၏ ဗုဒ္ဓ

အကြောင်းကိုမေးသောအခါ မည်သူမှ ကောင်းမွန်စွာပြန်မဖြေတက်

ပါ မိရိုးဘာသာ ဗုဒ္ဓဘာသာဝင်များဖြစ်နေကြသည် အဲ့ဒီလိုမျိုးပုဂ္ဂိုလ်

တွေများလာရင် စာရေးသူတို့ရဲ့ လူမျိုးဘာသာ သာသနာရဲ့ အနာဂါတ်

ကို တွေးကြည့်လိုက်ရင် ရင်လေးစရာကြီးဖြစ်နေပါပြီ



ကိုယ့်ရဲ့လူမျိုး ကိုယ့်ရဲ့ဘာသာ ကိုယ့်ရဲ့သာသနာကို ဘယ်သောအခါမှ

မကွယ်ပျောက်သွားအောင် ဘာသာရေးခေါင်းဆောင်များ နှင့် လူမျိုး

ရေးခေါင်းဆောင်များဖြစ်တဲ့ ပုဂ္ဂိုလ်တွေအားလုံး ဆရာဒကာ လက်တွဲ

ညီစွာနဲ့ ထေရဝါရ တို့တိုင်းပည်ကြီးကို ဆက်ပြီး ထိန်းသိမ်းစောင့်

ရှောက်သွားကြပါစို့ ……………………………….။  


*  လူမျိုးဘာသာ သာသနာအတွက် တို့ချွေးစက်တွေ မြေမှာခပါစေ
ဘဝကိုပေးဆပ်ပြီးတော့
စောင့်ရှောက်သွားမည် ...............ထေရဝါဒ ဒို့တိုင်းပြည်
*  လူမျိုးဘာသာ သာသနာအတွက် တို့သွးစက်တွေ မြေမှာကျပါစေ
အသက်ကိုပေးအပ်ပြီးတော့
ကာကွယ်သွားမည်..................ထေရဝါဒ ဒို့တိုင်းပြည်



Related Posts Plugin for WordPress, Blogger...